အခန်း (၂၄၂)
ထိပ်တန်း ပရိသတ်ကောင်လေးစုယန်ယန်က နှင်းဆီ ရေနွေးကြမ်းကို သောက်ပြီး ပေါ့ပေါ့ပါးပါး မေးသည်။
"ဘာဖြစ်လို့ ဒီလို ထင်ရတာလဲ။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ ကြည့်ရှုသူ အများကြီး ရှိလား"
"အများကြီး၊ အများကြီးပဲ ရှိတယ်။ ဒီစားသောက်ဆိုင်ပိုင်ရှင်၊ တင်ဆက်သူက ဘယ်လောက် အံ့သြဖို့ ကောင်းလဲ ဆိုတာ မင်း မသိပါဘူး။ သူမက ဒီကမ္ဘာပေါ်မှာ အကြင်နာဆုံးနဲ့ အနူးညံ့ဆုံးသူပဲ။ သူမမှာ ထူးဆန်းအံ့ဖွယ် ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေ ပိုင်ဆိုင်ထားပေမယ့် သူမက သုတေသနဌာနကို ကိုယ်ကျိုးမဖက် လှူဒါန်းခဲ့တယ်။ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ သူမ ချက်ပြုတ်ပြသတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေကို မကြာခဏဆိုသလို ကံစမ်းမဲ ဖောက်ပေးသေးတယ်။ သူမက ဒီစားသောက်ဆိုင်ကို ကြည့်ရှုသူတွေရဲ့ အမျိုးမျိုးသော ရောဂါဝေဒနာတွေအတွက် ရှေးရှုပြီးတော့ ဖွင့်လှစ်ပေးခဲ့တာ..."
သူ သဘောအကျဆုံး တင်ဆက်သူ အကြောင်း ပြောလိုက်တာနဲ့ လန်ကျားယီဟာ ချက်ချင်း ဆိုသလို ကောင်လေး ပရိသတ်အသွင် ပြောင်းသွားခဲ့သည်။ သူက စုယန်ယန် အကြောင်း မိနစ် အနည်းငယ်လောက် ကြာအောင် ဆက်တိုက် ကြွားလုံး ထုတ်နေခဲ့သည်။
စုယန်ယန်ရဲ့ မျက်နှာ အမူအရာသည် စူးစမ်းသည့် အသွင်မှသည် ရှက်ကိုးရှက်ကန်း အသွင်သို့ ပြောင်းသွားခဲ့သည်။ သူမသည် လန်ကျားယီ ပြောပြသလောက် ကောင်းမြတ်နေတာ မဟုတ်ဘူး။
တိုက်ရိုက် ထုတ်လွှင့်ခြင်းရဲ့ မူလ ရည်ရွယ်ချက်မှာ သူမ လိုချင်သည့် ရမှတ်တွေ တိုးမြှင့်နိုင်ရန်နှင့် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်ကို ကုသပေးနိုင်ဖို့ သူမရဲ့ ကျွမ်းကျင်မှု ရမှတ်များကို စတင်ရရှိဖို့ပင် ဖြစ်သည်။
မျိုးစေ့တွေကို သုတေသနဌာနသို့ လွှဲပြောင်းပေးရန် ရွေးချယ် လိုက်သည့် အကြောင်းရင်းမှာ ပထမ အနေဖြင့် သူမကိုယ်တိုင်နှင့် သူမ မိသားစုအတွက် အကာအကွယ် ရယူလိုခြင်းကြောင့် ဖြစ်ကာ ဒုတိယအချက် အနေဖြင့် ကြည့်ရှုသူတွေက သူတို့ အရင်က တစ်ခါမှ မတွေ့ဖူးသော လူတစ်ယောက် အတွက် ကာကွယ်ပေးရန် အကောင်းဆုံး ကြိုးစားနေတယ်လို့ ခံစားရသောကြောင့် ဖြစ်သည်။