Unicode
အခန်း (၁၈၈)
အိမ်ထောင်မပြုခင် ကြိုတင် အတူနေထိုင်ခြင်းစုယုရွှမ်သည် ဒေါသ အရမ်းကြီးနေသော်လည်း သူ့ညီမလေးကို ‘ခြင်္သေ့ဂူ’ထဲတွင် ဂရုမစိုက်ပဲ မထားရစ်ခဲ့ချေ။
သူ အဝေးသို့ လျှောက်လှမ်း သွားနေသည်အား ရပ်လိုက်သည်။ သူက နောက်သို့ ပြန်လှည့်ပြီး ဟောက်ချန်ဟွမ်းနှင့် သူ့တပည့် တပန်းများကို အကြိမ် အနည်းငယ်ခန့် ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။
ကံကောင်းထောက်မစွာပင် သူ ဘာမှ မလုပ်ရသေးခင် စုယန်ယန်က သူ့နောက်သို့ အပြေးလေး လိုက်လာခဲ့သည်။
စုယုရွှမ် အနည်းငယ် ထိတ်လန့်သွားပြီး သူ့မျက်နှာ အမူအရာက အနည်းငယ် နူးညံ့ညင်သာ သွားခဲ့သည်။
“သူတို့ မင်းကို မတားဘူးလား”
“သူတို့က ညီမလေးကို ဘာဖြစ်လို့ တားရမှာလဲ။ အစ်ကိုကြီး၊ တကယ်တော့ မနေ့ညက ညီမလေးနဲ့ သူ့ကြား ဘာမှ မဖြစ်ခဲ့ပါဘူး”
“ဘာမှ မဖြစ်ဘူးဆိုရင်၊ နင် ဘာဖြစ်လို့ မနေ့ညက အိမ်မပြန် လာရတာလဲ”
စုယန်ယန်သည် အပြစ်ရှိတယ်လို့ ခံစားရကာ သူမ လည်ချောင်းထဲတွင် စကားလုံးများ ဆို့နင့်လာခဲ့သည်။
“ညီမလေးတို့ မနေ့က ကျွန်းပေါ်မှာ ရှုခင်းတွေ လျှောက်ကြည့်ရင်း အချိန်ကုန် နေတာကို မေ့သွားခဲ့တယ်။ ညီမလေး အချိန်ကို သတိထားမိချိန်မှာ အရမ်း မှောင်နေခဲ့ပြီ၊ ညကြီးသန်းခေါင် ပင်လယ်ထဲ ခရီးသွားရတာ အန္တရာယ် အရမ်းများလို့ အိမ်မပြန်ခဲ့တာပါ”
သူမ၏ ရှင်းပြချက်က ကျိုးကြောင်း ညီညွတ်သော်လည်း စုယုရွှမ်မှာ သူမ ရှင်းပြချက်ထဲမှ ဟာကွက်များကို ထောက်ပြနိုင်သေးသည်။ သူက စိတ်တိုနေသော အသံဖြင့် အေးစက်စွာ မေးမြန်း လိုက်သည်။
“မင်းကို ဘယ်သူက အဲ့ဒီကျွန်းပေါ် ခေါ်သွားတာလဲ”
“... သူလေ”
“အခု၊ မင်းကို ဒီကျွန်းပေါ်မှာ လိုက်ပတ်ပြရင်း အချိန်တွေ ကုန်လို့ ကုန်သွားမှန်း မသိအောင် ဘယ်သူ လုပ်တာလဲ”
