Unicode
အခန်း (၁၇၉)
ကိုယ့်ချစ်ရသူအတွက် ဒီကျွန်းလေးကို ထိန်းသိမ်းထားတာစုယန်ယန်သည် ကြမ်းကြမ်းတမ်းတမ်း လှိုင်းခတ် သံများကြောင့် လန့်နိုးလာခဲ့သည်။ ကောင်းကင်ယံဟာ လုံးဝ မည်းမှောင်နေပြီး လှိုင်းသံများကို သူမ ကြားနေရသည်။
စုယန်ယန်သည် သူမ၏ အသိစိတ်များကို ရှာတွေ့ရန် စက္ကန့်အနည်းငယ် ကြာမြင့်ခဲ့သည်။ သူမသည် မဝေးလှသော နေရာမှ တလက်လက် တောက်ပနေသော ရေပြင်ကျယ်ကို ငေးမော ကြည့်နေမိသည်။
သူမ မအိပ်သွားခင်မှာ အဖြစ်အပျက်တွေကို ပြန်အမှတ်ရပြီး သူမ စိတ်ထဲမှာ ရဲရဲတင်းတင်း မမှန်းဆနိုင်ခဲ့ဘူး။
တစ်စုံတစ်ယောက်က သူမကို တကယ်ပဲ အဝေးကို ရောင်းထုတ် လိုက်နိုင်ပါ့မလား။
“မင်း နိုးလာပြီလား”
ရင်းနှီးသော အသံတစ်ခုဟာ စုယန်ယန် ဘေးနားမှ ပေါ်ထွက်လာခဲ့ပြီး သူမသည် အံ့သြ ထိတ်လန့်မှုကြောင့် ထခုန်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူမ သံသယ ဝင်နေသော အမျိုးသားသည် သူမဘေးတွင် ထိုင်နေဆဲ ဖြစ်ကြောင်း သူမ သိလိုက်ရသည်။
“မင်း ဘာတွေ အတွေးများနေတာလဲ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန် အနားသို့ ကပ်သွားပြီး သူမနှင့် ဆယ်စင်တီမီတာခန့် အကွာအဝေး လောက်အထိ တိုးကပ် သွားခဲ့သည်။ သူက “ကိုယ် မင်းကို အဝေးကို ရောင်းထုတ်လိုက်ပြီလို့ မင်းတွေးနေတာလား” လို့ ပြောလိုက်သည်။
စုယန်ယန်သည် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး စကား အကြောင်းအရာကို အမြန်ပြောင်း လိုက်သည်။
“ဒါက ဘယ်နေရာလဲ။ အပြင်မှာ ရေသံတွေ ကြားနေရတယ်”
“ဒါက မြို့ပြင်ဘက်က ကျွန်းငယ်လေး တစ်ကျွန်းပဲ”
“ကျွန်းငယ်လေးလား”
ကံကောင်းစွာဖြင့် စုယန်ယန်သည် ရေသောက်နေတာ မဟုတ်ပေ၊ မဟုတ်ရင် သူမ ရေသီး သွားလိမ့်မည်။
“ရှင် ဘာဖြစ်လို့ ကျွန်မကို ညကြီးမင်းကြီး ဒီနေရာကို ခေါ်လာရတာလဲ။ ရှင် ကျွန်မကို အခွင့်ကောင်းယူဖို့ စီစဉ်နေတာလား”
