အခန်း (၂၆၃)
ကျွန်မ ရှင့်ကို ကြိုက်တယ်
ဒီဘီးတပ် ကုလားထိုင်က သူ့ခြေထောက်တွေ နေရာမှာ အစားထိုးလို့ မရပေမယ့် သူ့နေ့စဉ်ဘဝမှာတော့ တခြားသူတွေကို အားကိုးနေစရာ မလိုအပ်ဘူး ဆိုတာကိုတော့ အနည်းဆုံး သေချာစေနိုင်ခဲ့သည်။
ဘီးတပ်ကုလားထိုင်၏ အကူအညီဖြင့် ဟောက်ချန်ဟွမ်း တစ်ယောက် ရေစည်ထဲ ဆင်းသွားတာကို စုယန်ယန် သေချာစောင့်ကြည့် ပေးခဲ့သည်။ ထို့နောက် သူမက အလျင်စလို မေးမြန်းမိသည်။
"ရှင် ဘယ်လို ခံစားရလဲ။ ရေက အရမ်းပူနေလား။ ရေအေးနည်းနည်းလောက် ထပ်ထည့်ပေးရမလားဟင်"
စည်ပိုင်း၏ အောက်ခြေတွင် ထိုင်ခုံတစ်လုံး ပါရှိပြီး ဟောက်ချန်ဟွမ်း တစ်ယောက် ထိုင်လိုက်သည့် အခါတွင် ရေတွေက သူ့ပခုံးလောက်မှာပင် ရှိလေသည်။
ဟောက်ချန်ဟွမ်းက ရေစည်ထဲမှာ ထိုင်ပြီး စုယန်ယန်ကို ပြုံးပြသည်။
"အဆင်ပြေပါတယ်။ ရေအပူချိန်က အတော်ပဲ၊ ဒါပေမယ့်... ရေအရသာက နည်းနည်း ထူးဆန်းနေတယ်"
"ကျွန်မ ရှင့်အရိုးတွေက ဒဏ်တွေကို လျော့ပါးစေပြီး ရှင့် သွေးလည်ပတ်မှုကို ထိန်းညှိစေဖို့အတွက် ဆေးဖက်ဝင် အပင်တွေ အများကြီး ထည့်ထားခဲ့တာ၊ အနံ့လေးကတော့ ကောင်းပါတယ်။ ရှင် သိပ်မကြိုက်လို့လားဟင်"
"ဒါက သိပ်မဆိုးပေမယ့် နည်းနည်း ထူးခြားနေသလို ခံစားရတယ်။ ဒီလိုအနံ့မျိုး တစ်ခါမှ မရဖူးဘူး"
"ဆေးကုသမှုအတွက် အခုလောလောဆယ် ရှင် သည်းခံလိုက်ပါဦး။ ရှင် ဒီအနံ့ကို မကြိုက်ဘူးဆိုရင် ကျွန်မ နောက်တစ်နေ့ ပါဝင်တဲ့ ဆေးဖက်ဝင် အပင်တွေကို ပြောင်းလိုက်မယ်လေ"
"မလိုပါဘူး။ ကိုယ် ဒီအရသာကို လက်ခံနိုင်ပါတယ်"
စုယန်ယန်သည် ဟောက်ချန်ဟွမ်းတစ်ယောက် ဒီအနံ့ကို အမှန်တကယ် လက်ခံနိုင်တာ ဟုတ်မှန်ကြောင်းကို အထပ်ထပ် အခါခါ အတည်ပြုခဲ့သည်။ သူမက သက်ပြင်း တစ်ချက်ချပြီး အပြုံးလေးဖြင့် မေးမြန်းသည်။
"အခု ရှင် နည်းနည်းလောက် ထူးခြားသလို ခံစားရလား"
ဟောက်ချန်ဟွမ်းတစ်ယောက် တစ်ခဏတာမျှ တိတ်ဆိတ်နေပြီး ရိုးသားစွာ ပြန်ဖြေသည်။
