အခန်း (၂၀၅)
သူမသည် သူမ၏ သစ္စာဖောက်ကိုပင် ငွေရေတွက်ရန် ကူညီပေးခဲ့သည်
သို့ပေမယ့် စာဖတ်သူများ၏ အမြင်မှာတော့ သူမသည် အမြောက်စာ ဗီလိန်တစ်ဦး၊ မကောင်းသော လူတစ်ယောက် ဖြစ်သည်။ ယိုယွီရှစ်မှာ ဖိအားပေး ခံရသော်လည်း စာဖတ်သူများကတော့ အမျိုးသမီး ဇာတ်လိုက်၏ လုပ်ရပ်မှာ မှန်ကန်ပြီး နူးညံ့ကြင်နာတတ်တယ်လို့ ခံစားရပေလိမ့်မည်။
ယိုယွီရှစ်သည် ဤမျှ ကြီးမားသော ဆုံးရှုံးနစ်နာမှုကို ခံစားခဲ့ရပြီး ဝမ်ကျင့်ဖျင်၏ စက်ဆုပ်ရွံ့ရှာဖွယ် အပြုအမူကိုပါ ရင်ဆိုင်ခဲ့ရသောကြောင့် သဘာဝအတိုင်း သူမက ခွင့်လွတ်ပေးဖို့ကို ငြင်းဆန်ခဲ့သည်။
အဲဒီနောက်ပိုင်းတွင် သူမသည် ဝမ်ကျင့်ဖျင်ကို ပြဿနာရှာရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ဟောက်ရှောက်ဖုန်းက သူမလုပ်ရပ်တို့ကို ရပ်တန့်လိုက်သည်။
စစ်မုန့်ယွီသည်လည်း အရမ်း ကံကောင်းတာ မဟုတ်ဘူး။ ဟောက်ရှောက်ဖုန်း၏ ကာကွယ်မှုအောက်၌ ရှိနေသည့် ဝမ်ကျင့်ဖျင်နှင့် မတူတာက သူမသည် ယိုမိသားစု၏ လက်စားချေခြင်းကို ခံခဲ့ရသည်။ နောက်ဆက်တွဲ အကျိုးရလဒ်များမှာ တွေးကြည့် လိုက်ရုံနှင့် သိနိုင်ပေသည်။
စစ်မုန့်ယွီသည် အစီအစဉ်မှ နုတ်ထွက် သွားရပြီးနောက် ဝမ်ကျင့်ဖျင်သည် သူမကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး သူမကို ဒုက္ခရောက် စေခဲ့သည့်အတွက် အပြစ်ရှိသလို ခံစားရကြောင်း ပြောခဲ့သည်။
စကားမစပ်၊ ဝမ်ကျင့်ဖျင်သည် ဒီမတော်တဆမှုအတွက် ယိုယွီရှစ်၏ ခွင့်လွှတ်မှုကို သူမအတွက်ပါ တောင်းခံခဲ့ကြောင်း ပြောပြခဲ့သည်။ စစ်မုန့်ယွီက ရင်ထဲ အရမ်းထိသွားပြီး ဝမ်ကျင့်ဖျင်က သူမကို ဘေးဖြစ်စေခဲ့တာကို လုံးဝ မေ့လျော့ သွားခဲ့သည်။
စစ်မုန့်ယွီ ဖျော်ဖြေရေး နယ်ပယ်မှ ပျောက်ကွယ် သွားပြီးနောက် ဝမ်ကျင့်ဖျင်သည် အမြင့်သို့ ပိုမို တက်လှမ်းနိုင်ခဲ့သည်။ ဒီမတော်တဆမှုပြီး နောက်ပိုင်း သူမ အောင်မြင်ကျော်ကြား လာသောအခါတွင် စစ်မုန့်ယွီဟာ ကုမ္ပဏီမှ တားမြစ် ပိတ်ပင်တာ ခံခဲ့ရကြောင်း သူမ သိလိုက်ရသည်။