အခန်း (၂၉၇)
– ရှုပ်ထွေးသော ဆက်ဆံရေး
"ဟုတ်တယ်၊ ဟုတ်တယ်။ ချီမိသားစုရဲ့ မြေးငယ်လေးရဲ့ နာမည်ပဲ။"
စုယန်ယန်က အဓိကအချက်ကို ဖမ်းဆုပ်မိလိုက်ပြီး "အဖိုးက နျဥ်ချီလွေ့ရဲ့ အဖိုးကို သိတာလား။"
"လူအိုကြီးချီနဲ့ အဖိုးနဲ့က ခမည်းခမက်တွေလေ။ သူ့သားက အဖိုးရဲ့ သားမက်လေ။"
စုယန်ယန်တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။ ဒီလို ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို သူမ မျက်စိကွယ်သွားခဲ့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က နျဥ်စစ်ယွမ်တို့ညီအစ်ကိုသည် နျဥ်ချီလွေ့၏ ရောဂါကို လုံးလုံးလျားလျား ဖုံးကွယ်ရန် ကျရှုံးသွားခဲ့ကြသည်။
နျဥ်နှင့် ချီမိသားစု၏ အငယ်ဆုံးကလေး ဖြစ်သည့် နျဥ်ချီလွေ့သည် ငယ်စဥ်ကလေးဘဝအရွယ်ကတည်းက အလိုလိုက် ချစ်ခင်ခံခဲ့ရသည်။
ဤအဖြစ်အပျက်များကို ကြားသိလိုက်ရသည်နှင့် မိသားစုနှစ်စု၏ ကောင်းကင်သည် ပြိုကျလုနီးပါး ဖြစ်ခဲ့သည်။ သတင်းမပို့သူတစ်ယောက်အနေဖြင့် နျဥ်စစ်ယွမ်သည် သူ့အဖေအိုကြီးထံမှ တုတ်စာကို မိလုနီးပါး ဖြစ်သွားခဲ့သည်။
မိသားစုနှစ်စုလုံး ရှုပ်ထွေးနေချိန်တွင် ယဲ့ချီလျန်ဟာ ချီမိသားစုမှာ ဧည့်သည်တစ်ဦးအဖြစ် ရောက်ရှိနေသောကြောင့် သူ့ခမည်းခမက်တွေကို အကျိုးအကြောင်း မေးမြန်းမိသည်။
ဤကဲ့သို့ဖြင့် နျဥ်ချီလွေ့အကြောင်းကို ကြားသိခဲ့ရပြီး တစ်စုံတစ်ယောက်သည် သူ့ရောဂါကို ရှေးခေတ်ကမ္ဘာမြေကြီး၏ တရုတ်ဆေးနည်းများကို အသုံးပြု၍ ကုသပေးနေကြောင်းကိုပါ သိခဲ့သည်။
ရှေးစာအုပ်များတွင် ပါရှိသော အပ်စိုက်ကုထုံးကို စုယန်ယန်တစ်ယောက် အမှန်တကယ် သိရှိကြောင်း ယဲ့ချီလျန့် ကြားသိလိုက်ရသောအခါတွင် သူ ထိုင်မနေနိုင်တော့ပေ။
"အဖိုး မင်းကို ရုတ်တရတ် လာရှာတာ ရိုင်းမှန်း အဖိုးလည်း သိပါတယ်၊ ဒါပေမယ့် အဖိုး အရမ်း သိချင်စိတ်ပြင်းပြပြီး စိတ်လှုပ်ရှားနေလို့ပါ။ ဒါကြောင့် အဖိုး သမီးကို လူကိုယ်တိုင် လာမတွေ့ပဲ မနေနိုင်တော့လို့ပါ။" ယဲ့ချီလျန်သည် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်မိပြန်သည်။ သူက စုယန်ယန်ကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်၊ "လူအိုကြီးချီရဲ့ မြေးကို ကုသဖို့ ရှေးခေတ်ကမ္ဘာက အမွေအနှစ် အပ်စိုက်ကုထုံးကို သမီး တကယ် အသုံးပြုခဲ့တာလား။"
