Part 220

1.3K 97 0
                                    

အခန်း (၂၂၀)

ဝန်ထမ်းအကျိုးခံစားခွင့်များ

"ကောင်းပြီ။ တကယ်တော့ ကျွန်မက ပေါင်းရသင်းရ ခက်တဲ့လူတော့ မဟုတ်ပါဘူး။ ကျွန်မကို လေးလေးစားစား ပြောဆိုဆက်ဆံသရွေ့ ကျွန်မကလည်း ရှင်တို့ကို လေးလေးစားစား ဆက်ဆံပေးမှာပဲ။ ဒါပေမယ့် တစ်စုံတစ်ယောက်က ဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ယုတ္တိမတန်တဲ့ ကိစ္စရပ်တွေ လုပ်နေတာကို တွေ့ရရင်တော့ ကျွန်မ စီးပွားရေးအရ လုပ်ထုံး လုပ်နည်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်တဲ့အကြောင်းကို ကြိုတင် အသိပေး ထားချင်ပါတယ်။ စည်းကမ်း ဖောက်ဖျက်သူက ကျွန်မရဲ့ ဆွေမျိုးတွေပဲဖြစ်ဖြစ်၊ ကျွန်မအစ်ကိုရဲ့ ယုံကြည်စိတ်ချရတဲ့ သူပဲဖြစ်ဖြစ်၊ ကျွန်မ သနားညှာတာပေးမှာ မဟုတ်ပါဘူး"

လူတိုင်း ကြက်သေ သေသွားကြသည်။ ဒီလို ပြုံးချိုနေသည့် ကောင်မလေးက သူတို့ မျက်နှာပေါ်မှာ မြင်တွေ့ရသဘောက် မရိုးရှင်းနိုင်ကြောင်းကို ရုတ်တရက် နားလည် သဘောပေါက် သွားသည်။

"စကားလုံးတွေက နားဝင်ဆိုးပေမယ့် ကျွန်မ အရင်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ထားရတာကို ကြိုက်လို့ပါ။ ဒီလို ကြိုတင် ပြောထားလိုက်တော့ လူတိုင်း စိတ်ပျော်ပြီး ဖြစ်ပျက်လာမယ့် ပြဿနာတွေကို ကြိုတင် ကယ်တင် နိုင်သွားလိမ့်မယ်"

စုယန်ယန်၏ စကား ဆုံးသွားသည်နှင့် လူငယ်တစ်ယောက်က "ဘော့စ်၊ ကျွန်တော်တို့ဆိုင်ရဲ့ စည်းကမ်းချက်တွေက ဘာတွေလဲ ပြောပြပါလား" လို့ ကျယ်လောင်စွာ မေးမြန်းခဲ့သည်။

စုယန်ယန်သည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ အသက်နှစ်ဆယ်‌ကျော် လူငယ်လေး တစ်ဦး ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူ့အသွင်အပြင်က သန်မာပုံပေါ်ပေမယ့် အနည်းငယ် အသားညိုသည်။ သူ့ကြည့်ရတာ အတော်လေး လိမ္မာပါးနပ်မည့်ပုံပင်။

"ကျွန်မတို့ဆိုင်ရဲ့ စည်းကမ်းချက်တွေက အရမ်း ရိုးရှင်းပါတယ်။ ကျွန်မတို့ဆိုင်က ဆေးဖက်ဝင် ဟင်းလျာတွေ ရောင်းချမယ် ဆိုတာ ရှင်တို့ ကြားခဲ့ဖူးမှာပါ။ ဆေးဖက်ဝင် ဟင်းလျာဆိုတာကို ကျွန်မ ရှင်းပြရရင် အစားအစာထဲမှာ တရုတ်ဆေးဝါးတွေကို ထည့်သွင်း ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို ခေါ်ဆိုတာပါ။ ဒီအစားအစာတွေကို စားသောက်လိုက်နဲ့ ဖျားနာတာကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်း စေပါတယ်။ ဒါပေမယ့် ဒါက ဆေးဝါးဖြစ်တာကြောင့် ရောဂါကို ထိရောက်စွာ တိုက်ဖျက် ပေးနိုင်ရမယ်။ ဆေးဝါးကို မှားယွင်းစွာ သောက်သုံးမိခြင်း ဒါမှမဟုတ် မှားယွင်းသည့် ဆေးပမာဏကို သုံးစွဲမိမယ်ဆိုရင် ခန္ဓာကိုယ်ကို အားမဖြစ်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်။"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Tempat cerita menjadi hidup. Temukan sekarang