အခန်း (၁၉၁)
ဆံပင်ကျွတ် အဖွဲ့ဝင်တွေအတွက် အကျိုးကျေးဇူးများ
အမေအဖြစ်သို့ အသစ်စက်စက် တံဆိပ်ကပ် ခံလိုက်ရတာနဲ့ ပတ်သက်ပြီး သူ့တွင် ဘာထင်မြင်ချက်မှ မရှိဘူး။ သူ အရဲစွန့်တပ်ဆင်ထားသည့် မျက်နှာဖုံးကို ဘယ်သူ့ကို ချွတ်ခွင့်မပြုနိုင်ဘူး။
ခဏအကြာမှာပင် စုယန်ယန်က သူ၏ ချို့ယွင်းချက်တွေကို ဖုံးကွယ်ရန် အလို့ငှာ ချောင်းခပ်ဖွဖွ ဆိုးရင်း ပြောလိုက်သည်။
"ဒီနေ့ တို့ ဟင်းပွဲများများ ချက်စရာရှိလို့ တိုက်ရိုက် ထုတ်လွှင့်မှုကို နည်းနည်း စောလုပ် လိုက်ပါတယ်။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ တို့ကို စောင့်ဆိုင်းပြီး အားပေးနေတဲ့ အတွက် ကျေးဇူးပါ၊ ချစ်စရာလေးတို့ရေ။ အရင်တစ်ခါက တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း တရုတ်ဆေးဖက်ဝင် ဟင်းလျာ သီးသန့် ချက်ပြုတ် ပြင်ဆင်ပေးခြင်း ခံရမည့် ကံထူးရှင်တွေ အတွက် ဟင်းလျာတွေကို စတင်ပြင်ဆင် လိုက်ရအောင် - ရှို့ဝူးကန်းဖျင် အသည်းဆေးပြားကို အရင်ပြုလုပ်ကြမယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ ရှို့ဝူး၊ ဟွမ်ကျင့်..."
စုယန်ယန်၏ ပြောစကား မဆုံးခင်မှာပင် ဖန်သားပြင်ပေါ်မှာ မကျေနပ်ချက်များ ပြည့်လျှံ သွားခဲ့သည်။၊
[တင်ဆက်သူ၊ တင်ဆက်သူ၊ သုသေတန အဖွဲ့အစည်းက ကြော်ငြာချက်မှာ ပါဝင်တဲ့သူက နင် မဟုတ်လား။ အဲ့ဒီ တရုတ်ဆေးဖက်ဝင် အပင်တွေကို ဘယ်အချိန်လောက်မှာ တရားဝင် ရောင်းချနိုင်မလဲ။ ငါတို့ ဝယ်ယူဖို့ ပိုက်ဆံတွေ အကုန်လုံး အဆင်သင့် ပြင်ဆင် ထားပေမယ့် ဝယ်လို့ရမယ့် နေရာကိုတောင် ရှာမတွေ့ဘူး။ အဲ့တာက တရားမျှတ ပါရဲ့လား။]
[ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ အသက်တစ်သက်ကို ကယ်တင်ဖို့ အလျင်လို နေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို အချိန်အတိအကျ ပြောပေးပါ။]
ဒီလူအုပ်စုဟာ ဒီကို မလာခင် သုတေသန အဖွဲ့အစည်းမှ စီမံခန့်ခွဲသူတွေကို အနှောင့်အယှက် ပေးခဲ့ပြီး သူတို့ကံစမ်းဖို့ စုယန်ယန်ဘက်ကို လာဖို့ကလွဲလို့ သူတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး။
