Unicode
အခန်း (၁၇၀)
ပလတ်စတစ်လို ညီအစ်ကိုတွေစုယန်ယန်သည် ပဲနို့ခွက်ကို သူမလက်တွေ ပူနွေးလာသည့်အထိ ခဏကြာ ကိုင်ထားပြီးနောက် ဟောက်ချန်ဟွမ်းကို မနက်စာ အဆာပြေစားရန် တိုက်တွန်းလိုက်သည်။
“ကြက်ဥဌာပနာမုန့်ကို ကြည့်ပါဦး။ ကျွန်မ ဒီနေ့ မနက်စောစောက မုန့်ဖုတ်ထားတာမို့ နည်းနည်း အေးသွားလောက်တော့ သိပ်မကြွပ်တော့ဘူး ထင်တယ်”
ဟောက်ချန်ဟွမ်းသည် အရသာရှိမယ့်ပုံ ပေါ်သည့် ကြက်ဥဌာပနာမုန့်ကို လှမ်းယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။
အနည်းငယ် အေးစက်သွားသော ကြက်ဥဌာပနာမုန့်သည် ရွှေညိုရောင် သန်းပြီး သူ့ဘေးနားက အမျိုးသမီးလေးလို နူးညံ့ကာ မွှေးရနံ့ကြွယ်လှသည်။
“ဒါက တကယ်စားကောင်းတယ်”
“ဒါကို ရှင်ကြိုက်မှန်း သိရလို့ ဝမ်းသာပါတယ်”
စုယန်ယန်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီး နူးညံ့သိမ့်မွေ့တဲ့ ကိတ်လေးကို တွန်းထုတ်လိုက်သည်။
“ကျွန်မတို့ နှစ်ယောက်နဲ့ သွမ်းသွမ်းလေးပုံကို ဆွဲချင်ပေမယ့် ပုံဆွဲရတာက ထင်ထားတာထက် ပိုခက်တယ်။ ကျွန်မ ပိုလေ့ကျင့်ပြီး ကျွန်မတို့ လက်ထပ်ပွဲနေ့ကျရင် ဧည့်ခန်းမကြီးမှာ ဗဟိုအဖြစ် ထားရှိဖို့ ကိတ်မုန့်အကြီးကြီး လုပ်ချင်တယ်၊ ရှင် ဘယ်လိုသဘောရလဲ”
ဟောက်ချန်ဟွမ်း၏ မျက်လုံးများ တလက်လက် တောက်ပသွားသည်။
“ကောင်းသားပဲ”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းက သူမ ပြုလုပ်လာခဲ့သော အဆာပြေမုန့် နှစ်မျိုးကို လက်ခံနိုင်ဖွယ် ရှိကြောင်းကို တွေ့မြင်ရပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သူမသည် ယုကျစ်ယန်ကို နောက်ထပ် ပြင်ဆင်ထားသည့် မုန့်တစ်ခုကို ပေးလိုက်သည်။
“ကျွန်မမှာ အချိန်သိပ်မရှိတဲ့ အပြင် ကိတ်မုန့်ဖုတ်ရတာက အနည်းငယ် ရှုပ်ထွေးတယ်၊ ဒါ့ကြောင့် ကျွန်မ ကိတ်မုန့်နှစ်လုံးပဲ ပြုလုပ်နိုင်တယ်။ ကျွန်မ မိသားစုအတွက် တစ်လုံး၊ ရှင်တို့ သခင်လေးအတွက် တစ်လုံးပေါ့။ ဒါတောင်မှ ကျွန်မ ရှင်တို့အတွက်ပါ ကြက်ဥဌာပနာမုန့် အကြီးကြီးတစ်ခု လုပ်ခဲ့သေးတယ်၊ ရှင် ယူသွားပြီးတော့ တခြားသူတွေနဲ့ မျှဝေစားသောက်ကြနော်”
