Part 318

134 16 0
                                    


အခန်း (၃၁၈)

- သူ အလိုချင်ဆုံးသောအရာကို ပိုင်ဆိုင်ထားနှင့်ပြီ

စုယန်ယန်ရဲ့ မျက်ဝန်းတွေက အနည်းငယ် လင်းလက်သွားကာ တုံ့ဆိုင်းခြင်းအလျဥ်းမရှိဘဲ ဖုန်းကိုကိုင်လိုက်ကာ "ချန်ဟွမ်း" ဟု ခေါ်လိုက်သည်။

"မင်း အဆင်ပြေရဲ့လား။ ကိုယ် အခု လမ်းမှာရောက်နေပြီ။ ရှောက်ယန်က မင်းနဲ့ ပိုနီးတယ်..."

စုယန်ယန်တစ်ယောက် အံ့အားသင့်သွားသည်၊ "ရှင် ဒီအကြောင်း ဘယ်လိုလုပ်ပြီး သိတာလဲ။ အဆင်ပြေသွားပါပြီ၊ စိတ်မပူပါနဲ့။ ကျွန်မ အဆင်ပြေတယ်။ သူတို့တွေပဲ ဒုက္ခရောက်သွားကြတယ်။ သူတို့နှစ်ယောက်က ဘယ်လောက်တောင် အရှက်ရသွားလဲ ဆိုတာ ရှင် မသိလိုက်ဘူး၊ ဟားဟားဟား..."

ထို့နောက် စုယန်ယန်သည် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ဟောက်ချန်ဟွမ်းအား ရှင်းပြခဲ့သည်။ ရံဖန်ရံခါဆိုသလို သူမသည် သူတို့ရဲ့ ကံဆိုးမှုကို လှောင်ရယ်နေသံများ ထွက်ပေါ်လာတတ်သည်။

ဟောက်ချန်ဟွမ်းသည် ငြိမ်သက်စွာ နားထောင်နေပြီး သူ့မျက်ဝန်းထဲမှာတော့ နူးညံ့သိမ်မွေ့မှုနှင့် အလိုလိုက်မှုများ ပြည့်နှက်နေသည်။

"အခုပြန်တွေးကြည့်တော့ ဒါက တကယ့်ကို ရယ်စရာကောင်းတယ်။ ကျွန်မ သူတို့ကို ဘာမှ မလုပ်ချင်ပေမယ့် သူတို့က ကျွန်မကို ပြဿနာရှာဖို့ အရမ်းကို စိတ်အားထက်သန်နေကြတယ်။ သူတို့ ဘာတွေတွေးနေလဲ ဆိုတာကို ကျွန်မ မသိဘူးလို့ထင်ပြီး ရှင်နဲ့ ကျွန်မကို ညစ်ပတ်တဲ့ရေတွေနဲ့ လောင်းချဖို့ ကြိုးစားတယ်။ ကျွန်မကို အနိုင်ကျင့်လွယ်သူလို့ သူတို့ တကယ်ထင်နေသလားပဲ။ သူတို့ဆန္ဒရှိတဲ့အတိုင်း နှိပ်စက်နိုင်ပြီး ဘယ်လို ခုခံရမှန်း မသိတဲ့သူလို့ ထင်နေကြတယ်။ ရွှံ့ရုပ်တွေတောင် စိတ်ဆိုးဒေါသထွက်နိုင်ကြတယ်။"

ဒီစကားတွေကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်ဝန်းထဲတွင် အန္တရာယ်များသော အရိပ်အငွေ့တွေ ယှက်သန်းလာပြီး "သူတို့ အရမ်းလွန်သွားပြီ။" ဟု ထောက်ခံလိုက်သည်။

ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် စုယန်ယန်ရဲ့ ဒေါသဟာ အနည်းငယ် လျော့ပါးသွားပြီး သူမမျက်နှာပေါ်ဝယ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ထားလိုက်ပါ၊ ချန်ဟွမ်းရယ်။ အဲဒီသတင်းထောက်တွေက ဒီကိစ္စကို ထုတ်ဖော်တဲ့အခါကျ သူတို့အတွက် လုံလောက်တဲ့ နစ်နာမှုတွေ ခံစားရလိမ့်မယ်။ ကျွန်မတို့ကုမ္ပဏီနဲ့ ကျွန်မတို့ရဲ့ အနုပညာရှင်တွေကို လှည့်စားခြင်းအတွက် သူတို့ ပြုလုပ်ခဲ့အတိုင်း ပြန်ပေးဆပ်ရလိမ့်မယ်။ သူတို့က ကျွန်မတို့ရဲ့ ကုမ္ပဏီနာမည်ဂုဏ်သတင်းကို အခမဲ့မြှင့်တင်ပေးပြီး အနုပညာရှင်တွေရဲ့ ကျော်ကြားမှုကို ရရှိအောင် ကူညီပေးကြလိမ့်မယ်။"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now