အပိုင်း (၂၆၄)
ပြဿနာက တံခါးလာခေါက်တယ်
စုယန်ယန်သည် ယခင်နေ့တုန်းက မောပန်းနွမ်းနယ် နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူမသည် နောက်တစ်နေ့ ကိုးနာရီ ထိုးခါနီး အချိန်အထိ အိပ်စက် အနားယူခဲ့သည်။
သူမ အိပ်ချင်မူးတူးဖြင့် အိပ်ရာထသည့် အခါတွင် ရင်းနှီးကျွမ်းဝင်နေသော တိုးဖွဖွ ရယ်သံလေးကို ကြားလိုက်ရသည်။ စုယန်ယန်သည် သူမဘေးတွင် တစ်ယောက်ယောက် ရှိနေကြောင်း သိလိုက်ရမှ ခဏတာ အံ့အားသင့်သွားသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာသော ဦးခေါင်းသည် အနည်းငယ် လှည့်၍ မရတော့ မသိစိတ်မှ နောက်သို့ ဆုတ်သွားခဲ့သည်။
နားထဲတွင် ကြားနေရသည့် ရယ်သံတွေက ရပ်တန့်သွားပြီးနောက် ရင်းနှီးကျွမ်းဝမ်းသော အသံတစ်ခုက "မင်း နိုးလာပြီလား" လို့ မေးသံကို ကြားလိုက်ရသည်။
ထိုမှသာလျှင် စုယန်ယန် တစ်ယောက် မနေ့တုန်းက ဟောက်ချန်ဟွမ်းနှင့် သူမတို့၏ မင်္ဂလာဆောင်ခဲ့ကြပြီးမှန်း အမှတ်ရမိသွားသည်။ သူမဘေးတွင် လဲလျောင်းနေသော ပုဂ္ဂိုလ်သည် သူမ၏ ခင်ပွန်းသည် ဖြစ်သည်။
စုယန်ယန်သည် ရှက်သွေးဖြာသွားကာ သူမခေါင်းလေးက အသာငုံ့သွားပြီး "မင်္ဂလာနံနက်ခင်းပါ"
"မင်္ဂလာနံနက်ခင်းပါ" ဟောက်ချန်ဟွမ်းက အပြုံးလေးဖြင့် စုယန်ယန်ကို အနမ်းပေးလိုက်သည်။
သူ့ရှေ့က မြင်ကွင်းဟာ အကြိမ်ပေါင်း မရေတွက် နိုင်လောက်အောင် စိတ်ကူးယဉ်ခဲ့ရတဲ့ အရာတစ်ခု ဖြစ်ပေမယ့် သူ လုံးဝ မမျှော်လင့်ရဲခဲ့တဲ့ အရာတစ်ခု ဖြစ်ပေမယ့် အခုတော့ သူ့အိပ်မက်တွေက လက်တွေ့ဖြစ်လာခဲ့ပါပြီ။
စုယန်ယန် တစ်ယောက် အနမ်းခံရပြီးနောက် အနည်းငယ် ငိုက်မျဉ်းနေဆဲ ဖြစ်သည်။ သူမ ရှက်ရှက်နှင့် မနေ့ညက အကြောင်းကို ပြန်မှတ်မိဖို့ အချိန်အတော် ကြာသွားသည်။
"ဘာဖြစ်လို့... ကျွန်မ မနေ့ညက ဘယ်လို အိပ်ပျော်သွားတာလဲ"
"မင်းလည်း အရမ်း ပင်ပန်းထားတာလေ။ မနေ့ညက အလုပ် အရမ်းများတော့ မင်း ရေစည် ဘေးနားမှာ စောင့်ရင်း အိပ်ပျော်သွားတာပဲ"
