အခန်း (၂၇၈)
နင့်ခြေထောက်ကို ဖက်တွယ်ဖို့ လူလိုသေးလားဟင်
တခစ်ခစ် ရယ်မောရင်း စုယန်ယန်၏ မျက်ဝန်းတွေက ရွှန်းလဲ့တောက်ပ လာသည်။ "ယောကျာ်းတွေက ပိုက်ဆံရှိရင် ဆိုးလိမ့်မယ်။ ငါတို့က သူတို့ကို ဘာဖြစ်လို့ ဆင်းရဲသွားအောင် မလုပ်နိုင်ရမှာလဲ"
"နင့်အမျိုးသားက ဒီလောက်ကြီးတဲ့ အိမ်တော်မျိုးကိုတောင် ပိုင်ဆိုင်တာ၊ သူ့မှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံမရှိပဲ နေမှာလဲ"
"ဒီအိမ်ကို သူပိုင်တာလို့ ဘယ်သူပြောလဲ"
လင်းရှောင်ချီးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ထို့နောက် သူမသည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူမ၏ မျက်ဝန်းများ ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒါက သူပိုင်တာ မဟုတ်ဘူးလား။ သူ ငှားရမ်းထားတာ ဖြစ်နိုင်လား။ ဒါ ဖြစ်နိုင်တယ်။ မင်္ဂလာပွဲ တစ်ခုအတွက် ကျွန်းတစ်ကျွန်းကို အိမ်တော်တစ်ခု ဆောက်ဖို့ ဝယ်တာ အရမ်း ကြီးကျယ်လွန်းတယ်။ တကယ်တော့ နင့်အတွက် ဒီလို အိမ်မက်ထဲက မင်္ဂလာဆောင်လိုမျိုး ကျင်းပနိုင်ဖို့ စီစဉ်တာကတင် သူ အရမ်း စဉ်းစားပေးရာ ရောက်နေပါပြီ"
"နင် ဘာတွေးနေတာလဲ။ ဒီကျွန်းကို ငှားထားတာ မဟုတ်ပါဘူး"
"ငှားထားတာ မဟုတ်ဘူးလား။ နင်ပဲ ပြောတော့..."
"ဒီကျွန်းက အရင်က သူပိုင်တာ၊ ဒါပေမယ့်..." စုယန်ယန်က သူမမေးစေ့ကို ပင့်မော့လိုက်ပြီး သူမရဲ့ အချစ်ဆုံး သူငယ်ချင်းကို ဘဝင်ခိုက်စွာ ကြည့်ကာ "အခုတော့ ငါ့အပိုင် ဖြစ်သွားပြီလေ"
"နင့်အပိုင်လား" လင်းရှောင်ချီးဟာ အံ့သြလွန်းလို့ ထအော်မိလုမတတ် ဖြစ်သွားသည်။
"ဟုတ်တယ်၊ သူ ငါ့ကို လက်ထပ်ခွင့်တောင်းတုန်းက ငါ့ကို ပေးခဲ့တာ။ ဒါတင် မကဘူး၊ သူက တင်တောင်းပ စ္စည်းအနေနဲ့ အိမ်ရာမြေကွက်တွေ အများကြီးကိုလည်း ပေးခဲ့သေးတယ်။ ငါ့မိဘတွေကို အဲ့တာတွေကို သူတို့အတွက် လက်မခံပဲ သူတို့က ငါ့ကိုပဲ ခန်းဝင်ပစ္စည်းအနေနဲ့ ပြန်ပေးခဲ့တယ်"
![](https://img.wattpad.com/cover/342147150-288-k479399.jpg)