Part 286

833 63 0
                                    

အခန်း (၂၈၆) – ရှင်ရော ဟွားဟွားနဲ့တူလား

သူမရဲ့ စကားတွေကို ကြားတော့ ဟောက်ချန်ဟွမ်းသည် သူ တစ်လကျော်ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သော ခွေးလေးကို မသိစိတ်ကနေ တစ်ချက် လှမ်းကြည့်မိသည်။

ခွေးတစ်ကောင်ရဲ့ အဖေအနေဖြင့် ဒီကလေးက ဟွားဟွားလို့ခေါ်တဲ့ ခွေးမလေးကို ဘယ်လောက် သဘောကျတယ် ဆိုတာကို သူ သိသည်။

သူသည် ဒီခွေးလေးက မိုက်မဲပြီး မကြာခဏ ဆိုသလို တုံးအချင်ယောင်ဆောင်ပြီး မထီမဲ့မြင် ပြုတတ်သော်လည်း သူလေးဟာ ခွေးတစ်ကောင် ဖြစ်နေဆဲ ဖြစ်သည်။

"ကျွန်မတို့ရဲ့ စကားဝိုင်းပြီးပြီးချင်းမှာပဲ အပြင်ဖက်ကနေ ဆူသံညံသံတွေ ကြားရတာပဲ။ ကျွန်မတို့ အပြင်ကို ထွက်လာတော့ ဟွားဟွားလေးကို ဟောက်ချီဟန်က ကန်ခါနီး ဖြစ်နေတာကို မြင်လိုက်ရတယ်။"

ဟောက်ချန်ဟွမ်းရဲ့ မျက်ခုံးတွေက ပင့်တက်သွားကာ သူ့အတွေးတွေကို အမြန်ထုတ်ဖော်လိုက်မိသည်။ သူက စုယန်ယန်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါပြီး "မင်း ပြောချင်တာက..." လို့ မေးမြန်းလိုက်သည်။

"ရှင် ဒါကို ပျော်စရာကောင်းတယ်လို့ မထင်ဘူးလား။ သာမန်အားဖြင့်ဆို ငါ နင့်ကို အေးတိအေးစက် ဆက်ဆံတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နင် အနိုင်ကျင့်ခံနေရတယ်ဆိုရင် ငါ အရင်ဆုံး ရှေ့ထွက်လာပြီး နင့်ဖက်ကနေ ရပ်တည်ပေးမယ် အဲ့လိုသဘောမျိုး မဟုတ်လား။"

ဟောက်ချန်ဟွမ်းသည် ဒါကို သိပ်မစဥ်းစားပဲ သူ့ဇနီးသည် ပြောတာကို ခြွင်းချက်မရှိ ထောက်ခံခဲ့သည်။

"ဒါက တော်တော် ပျော်ဖို့ ကောင်းမယ့်ပုံပဲ။"

စုယန်ယန်ရဲ့ မျက်ဝန်းတွေက ချက်ချင်း ကွေးညွှတ်သွားပြီး သူမမျက်ဝန်းထဲတွင် လှည့်ဖြားတတ်သော အလင်းတစ်ခု လင်းလက်လာသည်။ သူမသည် ဟောက်ချန်ဟွမ်းအနားသို့ တိုးကပ်သွားပြီး "ရှင်နဲ့ တူလား။" လို့ မေးလိုက်သည်။

"ဘာကိုလဲ။"

"ရှင်ကရော ဟွားဟွားနဲ့ တူလား။"

သူက သူမကို တခြားသူတွေထက် ပိုဂရုစိုက်ပေမယ့် တစ်ဖက်လူ နောက်ပြန်ဆုတ်သွားအောင် သူက ခပ်ခွာခွာနေဟန်ဆောင်သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Donde viven las historias. Descúbrelo ahora