Unicode
အခန်း (၁၇၂)
သေစေလောက်သည့် အကြည့်စူးစူးသူတို့နှင့် သူတို့ချစ်ရသူတို့ အရမ်း ရင်းနှီးနွေးထွေးနေပုံ ရတယ်လို့ ပြောတာကို ကြားရသည့် အခါမှာ ဘယ်သူမဆို စိတ်ချမ်းသာမိသလိုပင် စုယန်ယန်သည်လည်း ဒီစကားကို ကြားလိုက် ရသောကြောင့် ခြွင်းချက်မရှိ စိတ်ပျော်ရွှင် သွားခဲ့သည်။ သူမက အပြုံးလေးဖြင့် ဟောက်ချန်ဟွမ်းကို ဂုဏ်ယူ ဝံ့ကြွားနေသော အမူအရာဖြင့် ကြည့်ကာ သူမ အကြည့်ထဲတွင် ‘ရှင့်ကို ကျွန်မ မပြောဘူးလား’ ဆိုသည့် အဓိပ္ပါယ်များ ပြည့်လျှမ်းနေခဲ့သည်။
ဟောက်ချန်ဟွမ်း၏ မျက်ဝန်းထဲက အေးစက်နေသည့် အရိပ်အယောင်များ ပျောက်ကွယ် သွားသည်ကို သတိပြုမိ လိုက်သည်။ ဟောက်ချန်ဟွမ်းသည် နျဉ်စစ်ယွမ်ကို ဆက်လက် လျစ်လျူရှုနေခဲ့ကာ “ကုသမှုကို စကြရအောင်” လို့ ပြောလိုက်သည်။ကုသမှု မြန်မြန် ပြီးသွားလေ၊ မြန်မြန် ထွက်သွားလို့ ရလေပါပဲ။ ဒီအမျိုးသားတွေ သူ့ဇနီးလေးကို ငမ်းနေတာကို သူ တကယ် သဘောမကျဘူး။
စုယန်ယန်က သူ၏ စိတ်မရှည်မှုကို သတိပြုမိခဲ့ပြီး ကုသမှုကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ဖို့ စီစဉ်ခဲ့ပြီး ဖြစ်သည်။ သူမက ဟောက်ချန်ဟွမ်း၏ ပခုံးလေးကို စိတ်အေးစေရန် ခပ်သာသာလေး ပုတ်ပေးပြီးတော့ နျဉ်ချီလွေ့၏ ခုတင်ဘေးသို့ လျှောက်သွားခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ကျွန်မ ပို့ပေးခဲ့တဲ့ အစားအသောက် မှန်သမျှကို အကုန်စားခဲ့ရဲ့လား”
ဝမ်ကျင့်ဖျင၏ ဇာတိရုပ် အမှန်ကို သိရှိသွားပြီးနောက် နျဉ်ချီလွေ့သည် ဝမ်ကျင့်ဖျင်က သူ့အား အရူးလုပ်ခဲ့မှန်းကို နားလည်သွားခဲ့ပြီး စုယန်ယန်အား မှားယွင်း အပြစ်တင်မိကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ထိုအသိတရား ခေါင်းထဲသို့ ဝင်ရောက် လာခဲ့ခြင်းကြောင့် သူ စုယန်ယန်ကို အားတောင့်အားနာ ဖြစ်နေခဲ့ပြီး သူ စကားပြောရန် ကြိုးစားခဲ့သော်လည်း မည်သည့် စကားတစ်ခွန်းကိုမျှ ထွက်မလာနိုင်ခဲ့ပေ။ အချိန်အတော်ကြာ ပြီးနောက် နျဉ်စစ်ယွမ်က သူ့အစား ဝင်ရောက် ဖြေဆိုပေးခဲ့သည်။
