အခန်း (၂၅၀)
တစ်စုံတစ်ယောက်ရဲ့ပေါင်ကို ပွေ့ဖက်ရခြင်း၏ ပျော်ရွှင်မှု
အကြီးတန်း အမှုဆောင် အရာရှိတွေဟာ အံ့အားသင့် သွားကြသည်။ "လည်စည်းပဝါလား။ ဒီအကြောင်းက ဘော့စ်ရဲ့ လည်စည်းပဝါနဲ့ ဘာဆိုင်လို့လဲ"
ကျိုးယန်ပိုင်သည် တစ်ကြိမ်တည်းဖြင့် အလွန်အကျွံ ထုတ်ဖော် မပြောဆိုနိုင်ပေ။ သူက အသာချောင်းဟန့်လိုက်ပြီး "မင်းတို့အားလုံးကို ငါ ဒါ အကုန်ပဲ ပြောပြနိုင်တယ်" လို့ ပြောလိုက်သည်။
"ဒါက..." သူတို့က ထပ်မေးချင်ပေမယ့် ကုရှောက်ယွီက သူတို့ကို ကြားဝင်ဖြတ်ပြောခဲ့သည်။
"ယန်ပိုင်က ဒီလို ပြောတဲ့အတွက် သူ့မှာ အကြောင်းပြချက် ရှိလိမ့်မယ်။ ယုံချင်ယုံ မယုံချင်နေ အဲ့တာ မင်းတို့အပိုင်းပဲ။ အတိုချုပ်ပြောရရင်၊ မင်းတို့ မသေချင်ရင် သခင်လေးရဲ့ လည်စည်းပဝါက ကြည့်မကောင်းဘူးလို့ မပြောကြနဲ့။ မင်းတို့ အသက်ရှင်ချင်ရင် သခင်လေးရဲ့ လည်စည်းပဝါကို ချီးမွမ်းပြောဆိုကြ။ ဒီလောက်ပါပဲ"
ကုရှောက်ယန်က ဒီလို ပြောခဲ့ပြီး ဖြစ်သည့်အတွက် သူတို့ ဆက်မေးဖို့ ခက်ခဲသွားခဲ့ကြသည်။ သူ အလေးပေး ပြောကြားသည့် လည်စည်းပဝါက ဘာအမျိုးအစား ဖြစ်မလဲလို့ သူတို့အားလုံး တိတ်တဆိတ် တွက်ချက် နေခဲ့ကြသည်။
သူတို့ရဲ့ မေးခွန်းတွေကို အမြန် ဖြေရှင်းလိုက်နိုင်သည်။ ဟောက်ချန်ဟွမ်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ကျိုးယန်ပိုင်က ဘော့စ်၏ လည်စည်းပဝါက ကြည့်မကောင်းဘူးလို့ မပြောဖို့ ဘာကြောင့် သတိပေးခဲ့တာလဲ ဆိုတာကို အမှုဆောင်အရာရှိ အားလုံး နားလည် သဘောပေါက် သွားကြသည်။
ဒီလည်စည်းပဝါက တကယ့်ကိုပဲ... ဒါက နည်းနည်းလေး အရုပ်ဆိုးသည်။ ချည်ထိုးထားသည့် အပ်အရွယ်အစား မညီရုံသာမက ဒါကို ပုံစံတကျ ချည်ထိုးထားခြင်းလည်း မရှိပေ။
ကံကောင်း ထောက်မစွာဖြင့် ဟောက်ချန်ဟွမ်းသည် ယခု သူတို့နှင့် တွေ့ဆုံသည့် အချိန်တွင် ဒီလည်စည်းပဝါကို ပတ်ထားခဲ့သည်။ သူသာ ဒီလည်စည်းပဝါကို ချွတ်ထားပါက မရိုးမဖြောင့်သည့်ဟန် ပေါ်သွားနိုင်သည်။
