Part 239

1.1K 97 0
                                    

239 01

အခန်း (၂၃၉)

အပ်တစ်ချောင်းက လှည့်ကွက်တစ်ခု လုပ်နိုင်တယ်

"ကောင်းပြီ၊ ခဏနေရင် ထလို့ရပြီ"

စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် ကုကျားမိန်ဟာ သူ့ခင်ပွန်းသည်ထံ အလျင်စလို ပြေးသွားခဲ့ပြီး စိုးရိမ်တကြီး မေးမြန်းသည်၊ "ဘယ်လိုနေလဲ။ ရှင် နေရထိုင်ရ မကောင်းဘူးလား"

ဖန်းဝေ့မင်၏ မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းနေသော အရိပ်အယောင် တစ်ခု ရှိသည်။

"ကိုယ် မသက်မသာ မခံစားရပါဘူး။ အပ်စိုက်ကုထုံး လုပ်ပြီးတော့... ကိုယ် နည်းနည်းလေး ပူသလို ခံစားနေရလို့ပါ"

"ပူတာက ပုံမှန်ပါပဲ။ စကားမစပ်၊ ဦးလေးရဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး အနည်းဆုံး နှစ်ဝက်လောက် ကုသမှုခံယူဖို့ လိုအပ်လိမ့်မယ်။ ဒီအတောအတွင်း၊ ဦးလေး အရက်သေစာ သောက်စားတာမျိုး လျှော့ချသင့်တယ်၊ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပဲ"

ဖန်းဝေ့မင်းဟာ အနည်းငယ် ကြက်သေ သေသွားသည်။ သူက အလျင်စလို ပြောသည်၊ "ဦးလေး မသောက်တာ ကြာပါပြီ"

ဒီခေတ်မှာ လူများ၏ အချက်အပြုတ် လက်ရာတွေက အတော်လေး ယိုယွင်း လာခဲ့ပေမယ့် ဝိုင်ယဉ်ကျေးမှုကတော့ မမျှော်လင့်ပဲ ဆက်လက် အဓွန့်ရှည် နေသေးသည်။ ဒါက လူမှုဆက်ဆံရေး နယ်ပယ်မှာ အရမ်းကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေဆဲပါပဲ။

ဖန်းဝေ့မင်က ငယ်စဉ်က အရက်သေစာ သောက်စားရတာကို ကြိုက်နှစ်သက်သည်။ ထို့အပြင် သူက သူ့အသက်မွေးဝမ်းကြောင်းကို အစကနေ စတင်ခဲ့ရတာ ဖြစ်သည်။ ထို့ကြောင့် သူသည် အလုပ်တွင် အဆင်ပြေ ချောမွေ့စေရန် သူ့ဖောက်သည်များ နှင့်အတူ အရက်သေစာ သောက်စားပေးရသည်။

သူက အသက်ကြီးလာ၍ ကလေး လိုချင်သော အခါတွင်မူ သူ့ သုတ်ပိုး ချို့တဲ့နေသည့် ရောဂါဝေဒနာအား ခံစားနေရသည်ကို ရှာတွေ့ခဲ့ရသည်။ စုယန်ယန်ကလည်း သူ့အဖို့ ကလေးရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါသည်။

ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ငယ်ရွယ်စဉ် အချိန်က အရက်သေစာ အလွန်အကျွံ သောက်စားခြင်းကြောင့် ဖြစ်လေသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Donde viven las historias. Descúbrelo ahora