208 01
အခန်း (၂၀၈)
ဘယ်လိုဖြေရှင်းတာမျိုး နင်လိုချင်လဲ
စုယန်ယန် ခဏတာမျှ ရယ်မောပြီးနောက် သူမသည် ပြောလက်စ အကြောင်းအရာဆီသို့ အာရုံပြန်ရစေရန် ချောင်းခပ်ဖွဖွ ဆိုးလိုက်သည်။
"ငါ မင်းကို အပြစ်တင်ဖို့ မဟုတ်ပါဘူး၊ မင်းက စိတ်မြန်လက်မြန် ရှိလွန်းတယ်လို့ ငါထင်တယ်"
ဘေးနားမှာ ရပ်နေပြီး လျစ်လျူရှုထားသော ယိုကျင်းယွီက ဒီစကားကို ကြားလိုက်ရချိန်တွင် မမျှော်လင့်ပဲ စုယန်ယန်၏ စကားကို ထောက်ခံခဲ့သည်။
"သူမပြောတာ မှန်တယ်။ နင်က စိတ်မြန်လက်မြန် ရှိလွန်းတယ်။ နင် ဒီလိုမလုပ်ခင် ဖြစ်လာမယ့် အကျိုးဆက်တွေကို နင် မစဉ်းစား ကြည့်ခဲ့တာကြောင့် နင် အခုလို ဒုက္ခရောက်တာပဲ"
"ဒါဆိုရင် ငါက သူတို့တွေ စည်းမျဉ်း စည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး တခြားသူတွေကို အနိုင်ကျင့်နေတာကို ရပ်ကြည့် နေရမှာလား"
"နင် စည်းမျဉ်းစည်းကမ်းတွေ အကြောင်းကို လူကြီးတွေနဲ့ ဆွေးနွေးချင်လား။ သေချာတာပေါ့၊ နင် အရွယ် မရောက်သေးဘူး"
ယိုယွီရှစ်သည် သူမ အစ်မဖြစ်သူကို ပြောတာကို ကြားလိုက် ရသောအခါတွင် သူမမျက်နှာတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။
"နင့်ရဲ့ မူလရည်ရွယ်ချက်က ကောင်းပေမယ့် နင့်နည်းလမ်းက မှားယွင်းနေတယ်။ ဝမ်ကျင့်ဖျင်ကို အစီအစဉ်ထဲ ပြန်လည် ထည့်သွင်းဖို့ ပရိုဂရမ် အဖွဲ့သားတွေက စီစဉ်ခဲ့တယ်။ လူတော်တော် များများရှေ့မှာ နင်က ပြဿနာ ရှာခဲ့တော့ ပရိုဂရမ် အဖွဲ့သားတွေရဲ့ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားတယ်။ တကယ်လို့ နင် ထိခိုက်ဒဏ်ရာ မရခဲ့ဘူး။ ဒါမှမဟုတ် နင်က ဒုတိယယို့ သခင်မလေးဆိုတဲ့ အထောက်အထားသာ မရှိခဲ့ရင်၊ နင့်ရဲ့ ဖျော်ဖြေရေးနယ်ပယ်က အသက် မွေးဝမ်းကြောင်းက အခုချက်ချင်း ပျက်စီး သွားနိုင်တယ်"
ယိုယွီရှစ်၏ မျက်နှာဟာ မည်းမှောင် သွားသည်။ သူမသည် သူမ၏ အထောက်အထားကို ဖုံးကွယ်ထားပြီး အခြားသူများ နည်းတူ စုယန်ယန်၏ အင်တာတိန်းမန့် ကုမ္ပဏီသို့ အောက်ခြေမှစ၍ ဝင်ရောက် လာခဲ့တာက သူမ လက်ရှိနေရာသို့ ရောက်ရှိနေတာက သူမက ဒုတိယယို့ သခင်မလေး ဖြစ်တာကြောင့် မဟုတ်ပဲ သူမ၏ အရည်အချင်းကြောင့် ရောက်ရှိနေတာ ဖြစ်ကြောင်း သိစေချင်လို့ပင်။
