Part 226

1.2K 89 0
                                    

အခန်း (၂၂၆)

အတွင်းရေးကိစ္စ

ရှားဟန်လျန့်နှင့် ချိန်ယိရွှမ်တို့သည် တုန်ရီနေသော လက်များဖြင့် သူတို့ရှေ့မှ စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားခဲ့သည်။ သူတို့အနား ပတ်ဝန်းကျင်မှ လူတွေရဲ့ မနာလိုသည့် အကြည့်ဒဏ်ကို သူတို့ မခံစားနိုင်ကြပေ။

သို့ရာတွင် သူတို့ရဲ့ နှာခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်လာသော စွပ်ပြုတ်၏ မွှေးရနံ့က သူတို့ အာရုံ အလုံးစုံကို ဖမ်းစားသွားကာ အခြားသော အရာများကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

သူတို့နှစ်ယောက်သား စွပ်ပြုတ် တစ်ငုံစီ သောက်လိုက်ကြသည့် အခါမှာ လူတစ်ဒါဇင်လောက်က စားပွဲဆီသို့ အပြေးအလွှား ရောက်လာကြပြီး တောက်လောင်နေသော မျက်လုံးများဖြင့် အလုအယက် မေးမြန်းခဲ့ကြသည်။

"ဘယ်လိုလဲ။ အရသာက ဘယ်လိုနေလဲ။ အရမ်း အရသာရှိလား"

သူတို့နှစ်ယောက်သား အစားကောင်း စားလိုက်ရသဖြင့် စိတ်ပျော်ရွှင် သွားသည့် အမူအရာကို မထိန်းနိုင်ပဲ တစ်ပြိုင်နက်တည်း ပျော်ရွှင်စွာ ပြန်ဖြေခဲ့ကြသည်။

"ဒါက အရမ်း အရမ်းကို အရသာရှိတယ်"

အဲ့ဒီနောက်မှာ‌တော့ သူတို့ဘာသာသူတို့ ပါဝင်ပစ္စည်းများကို စူးစမ်းလေ့လာမိသည်။ သူတို့ဟာ ပတ်ဝန်းကျင်ရှိ လူများ၏ တိုက်တွန်းမှု မပါဝင်ပဲ သူတို့ကိုယ်တိုင် စွပ်ပြုတ် အရသာအကြောင်းကို ပြောပြလာခဲ့ကြသည်။

"ကြက်နက်စွပ်ပြုတ်က ချိုမြိန်တဲ့ မွှေးရနံ့လေးနဲ့ အရသာလည်း ချိုတယ်။ ဒါက နူးအိလာသည်အထိ ချက်ပြုတ်ထားတာကြောင့် အရမ်းနူးညံ့ပြီး အရမ်းလည်း မွှေးတယ်"

"ဝက်ဗိုက်သား စွပ်ပြုတ်ကတော့ အတွင်း ကလီစာတွေရဲ့ အညှီနံ့ကို လုံးဝ မရှိဘူး။ နူးညံ့ပြီး ထုတ်ထုတ် ထုတ်ထုတ်လေးနဲ့ အရမ်း အရသာရှိတယ်"

သူတို့ နှစ်ယောက်ရဲ့ အရသာကို ရှင်းပြသည့် စကားကို ကြားပြီးနောက် ကျန်သူ အားလုံးမှာ တံတွေး ကျလုမတတ် ဖြစ်သွားခဲ့ကြသည်။ သူတို့ နှစ်ယောက်သားဟာ သူတို့ကို ဝိုင်းကြည့်နေသည့် လူအုပ်ကြီး၏ အကြည့်များကို ဂရုမစိုက်တော့ပဲ မြိန်ရေယှက်ရေ စားသောက် လိုက်ကြသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Onde histórias criam vida. Descubra agora