Part 229

1.1K 83 0
                                    

229 01

အခန်း (၂၂၉)

ကလေးလေး

ချင်ရွှယ်ရူသည် စုယန်ယန်၏ ထူးဆန်းနေသည့် မျက်နှာ အမူအရာကို ချက်ချင်း သတိပြုမိလိုက်သည်။ သူမက မျက်မှောင်ကြုတ် သွားကာ စိုးရိမ်ပူပန်စွာ မေးလိုက်မိသည်။

"ဘာဖြစ်လို့လဲ။ တစ်ခုခု မှားနေလို့လား"

စုယန်ယန်သည် မိန်းမော တွေဝေနေရာမှ အသိပြန်ဝင်လာကာ အမောတကော ပြောလိုက်သည်။

"အန်တီချင်၊ ကျေးဇူးပြုပြီး အန်တီလေး လက်ကို ဆန့်ပေးပါဦး"

"ငါ့လက်လား"

ချင်ရွှယ်ရူလည်း စိတ်ရှုပ်ထွေးသွားပေမယ့် စုယန်ယန် ပြောသလို သူမလက်ကို ထုတ်ပေး လိုက်သည်။

စုယန်ယန်က သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီး မကြာခင်မှာပင် သူမ မျက်ဝန်းထဲမှ မသေချာ မရေရာမှုများ နေရာတွင် ဖြူစင်သော စိတ်လှုပ်ရှားသည့် အရိပ်အယောင်များဖြင့် လျင်မြန်စွာ အစားထိုး သွားခဲ့သည်။

"ဘာဖြစ်လို့လဲ။ ယန်ယန်၊ သမီး ဘာဖြစ်လို့ သမီး အန်တီလေးလက်ကို ကိုင်ထားရတာလဲ"

"သမီး အန်တီလေးရဲ့ သွေးခုန်နှုန်းကို စမ်းနေတာ"

'သူမ သွေးခုန်နှုန်းကို စမ်းနေတာလား' ချိန်ရှုချင်က မျက်မှောင်ကြုတ် သွားသည်။

"သွေးခုန်နှုန်းစမ်းတယ် ဆိုတာက ဘာကို ပြောတာလဲ"

"သွေးခုန်နှုန်း စမ်းတယ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ လက်ကောက်ဝတ်ကနေ သွေးခုန်နှုန်းကို စမ်းသပ်တာကို ပြောတာပါ"

စုယန်ယန်က ဒီလို ပြောလိုသည့် အခါမှာ ချင်ရွယ်ရူနှင့် ချိန်ရှုချင်တို့ နှစ်ယောက်စလုံး အံ့အားသင့် သွားကြသည်။

ဒီခေတ် ဒီအခါမှာ ဆေးဖက်ဝင် အပင်အများစုဟာ မျိုးသုဉ်း ပျောက်ကွယ် ကုန်ပြီး တရုတ်ဆေးပညာ ဆိုသည်မှာ သိပ္ပံစာပေ များတွင်သာ တည်ရှိတော့သည်။ လူအနည်းငယ်သာ ဒီအကြောင်းကို သိကြသည်။

စုယန်ယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် နာမကျန်းမှုများကို ရှာဖွေရန် ခေတ်မီ အဆင့်မြင့် စက်ကိရိယာများကို မှီခိုအားထားခဲ့ရသော သူတို့ နှစ်ယောက်စလုံးဟာ အံ့အားသင့် သွားကြပြီး သိချင်စိတ် ပြင်းပြသွားခဲ့ကြသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Tahanan ng mga kuwento. Tumuklas ngayon