အခန်း (၂၈၈) - ကျွန်မ ရှင့်ကို ထောက်ပံ့ပေးနိုင်တယ်
"မင်း ကိုယ့်ကို အရမ်းလောဘကြီးတယ်လို့ မထင်ဘူးလား။ ကိုယ့်အဖေက ဟောက်ကော်ပိုရေးရှင်းကို ဟောက်ချီဟန်ထံမှာ ထားရစ်ခဲ့တယ်။"
စုယန်ယန်က မကျေနပ်သလိုကြည့်ရင်း "ဒါတွေအားလုံး ရှင့်အဖေကြောင့်ပဲ၊ ရှင့်အဖေက အရမ်း... အဟွတ်၊ အဟွတ်၊ ကျွန်မ ရှင့်အဖေကို မကောင်းဆိုတာတော့ မဟုတ်ပါဘူး။ သူသာ အသက်ရှင်နေသေးတယ်ဆိုရင်လည်း ဟောက်ချီဟန်တို့သားအဖလို အကျင့်စရိုက်မကောင်းတဲ့ မျိုးဆက်တွေကြောင့် ဒေါသဖြစ်မှာ သေချာပေါက်ပဲ။ အဲ့ဒီအချိန်တုန်းက သူ ဟောက်ချီဟန်ကို ကုမ္ပဏီ လွှဲပြောင်းပေးခဲ့တာက ဟောက်ချီဟန်ရဲ့ ကြောင်သူတော်လို အပြုအမူတွေနဲ့ လှည့်စားခံရတာကြောင့် ဖြစ်နိုင်တယ်။"
ဟောက်ချန်ဟွမ်းတစ်ယောက် ဟက်ဟက်ပက်ပက် မရယ်မောမိခင် စုယန်ယန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့မိသည်။
"ဘာလဲ။ ကျွန်မပြောတာ မှားနေလို့လား။"
"မဟုတ်ပါဘူး၊ မင်းပြောတာ မှန်ပါတယ်။" ဟောက်ချန်ဟွမ်း၏ မျက်ဝန်းတွေဟာ ကွေးညွှတ်သွားပြီး သူ့၏ အေးစက်နေသော မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ သူ့သွင်ပြင်ဟာ အန္တရာယ်ကင်းပြီး နွေးထွေးနေပုံပေါ်သည်။
စုယန်ယန်သည် သူ ပြုံးတာကို အရင်က မြင်ဖူးပေမယ့် ဒီလောက် သက်တောင့်သက်သာ ပြုံးနေတာကိုမျိုးတော့ တစ်ခါမှ မမြင်ဖူးသေးပါဘူး။ သူ့အပေါ် အမြဲဖိစီးနေတဲ့ အရာတစ်ခု ရုတ်တရတ် ပျောက်ကွယ်သွားသလိုပါပင်။
"မင်းက ဆွံ့အနားမကြားလား။"
စုယန်ယန်သည် သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး သူမရှေ့မှာ လှုပ်ရမ်းနေသည့် တစ်စုံတစ်ယောက်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "မဟုတ်ဘူး" ဟု ဒေါသတကြီး ဆိုလိုက်သည်။
ဟောက်ချီဟန်က သူမကို တကယ်ဒေါသထွက်နေတာကိုမြင်တော့ သူက သူမကို လှည့်စားနေတာ ရပ်တန့်လိုက်ပြီး "ဟောက်ချီဟန်က အကျင့်မကောင်းတဲ့သူ ဆိုပေမယ့် ဟောက်ကော်ပိုရေးရှင်းကို သူ တာဝန်ယူခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူ့မှာ အဆက်အသွယ်တွေ ရှိနိုင်တယ်။ ဟောက်ကော်ပိုရေးရှင်းကို သူ့ဆီက ပြန်ရဖို့ လွယ်ကူမှာ မဟုတ်ဘူး။"
