256 01
အခန်း (၂၅၆)
ကျေးဇူးပြုပြီး ကျွန်မကို တစ်သက်တာလုံး ဂရုစိုက်ပေးပါဦး
သူတို့၏ လက်တွေ ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင် မသိစိတ်အရ သူတို့ အပြုံးတွေဟာ နက်ရှိုင်းလာခဲ့ကြသည်။
ဒါကို မြင်လိုက်ရသည့် မစ်စတာစု ရင်ထဲဝယ် ဝမ်းနည်း ပူဆွေးချင်သလို ဖြစ်သွားသည်။ နှစ်ပေါင်းများစွာ သူ သိမ်းဆည်းထားတဲ့ ရတနာလေးကို တစ်ယောက်ယောက် ခိုးယူသွားသလို ခံစားလိုက်ရပေမယ့် သူ့မှာ စွန့်လွှတ်ပေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
"ငါ ယန်ယန့်ကို မင်းလက်ထဲ အပ်လိုက်ပြီ။ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ မဟုတ်ရင်။ ငါဖြစ်ဖြစ် သူမအစ်ကိုဖြစ်ဖြစ် ငါတို့ မင်းကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး"
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တည်ကြည် လေးနက်စွာ ကတိစကားဆိုသည်။
"ကျွန်တော် နားလည် သဘောပေါက်ပါတယ်။ စိတ်မပူပါနဲ့"
မစ်စတာစု၏ မျက်နှာ အမူအရာဟာ နူးညံ့ပျော့ပျောင်းသွားပြီး ဘေးဖက်သို့ ဆုတ်ခွာသွားသည်။
မင်္ဂလာ ကတိစကားတွေက အနည်းနှင့် အများဆိုသလို တူညီကြသည်၊ ဒါပေမယ့် ဒီအချိန်မှာတော့ စုယန်ယန်သည် သူတို့၏ ကိုယ်ပိုင် အခြေအနေအရ ဒါတွေကို ပြောင်းလဲဖို့ အဆိုပြုခဲ့သည်။
"မစ်စုယန်ယန်၊ သင် မစ်စတာ ဟောက်ချန်ဟွမ်းကို လက်ထပ်ချင်ပြီး သူ့ဇနီးသည် ဖြစ်ချင်ပါသလား။ သင် အရင်ဘဝကပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ သင် ကျန်းမာနေချိန်၊ နာမကျန်း ဖြစ်နေချိန်မှာ ဖြစ်ပါစေ၊ သင် ချမ်းသာပါစေ၊ ဆင်းရဲပါစေ၊ ဘယ်လိုအချိန်မျိုးမှာပဲ ဖြစ်ဖြစ် သင် သူ့ကို ဂရုစိုက် ပေးနိုင်မလား၊ ပြုစုယုယ ပေးနိုင်မလား၊ သူ့အပေါ် အမြဲထာဝရ သစ္စာရှိပေးနိုင်မလား"
မင်္ဂလာကတိစကားကို ကြားသောအခါ ဟောက်ချန်ဟွမ်း နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။ သူ့ရင်ထဲ ဖော်မပြနိုင်တဲ့ ခံစားချက်တစ်ခု မြင့်တက်တာပြီး သူ့နှလုံးသားထဲ နစ်ဝင်သွားသည်။