Part 255

917 61 1
                                    

အခန်း (၂၅၅)

မင်္ဂလာပွဲ

လင်းရှောင်ချီး၏ မိခင်သည် သူမသမီးဖြစ်သူထံ ဤအတိတ်ဖြစ်ရပ်များကို ဘယ်သောအခါမှ ဖုံးကွယ်မထားပေ။

ထို့ကြောင့် လင်းရှောင်းချီးသည် သူမ၏ ဖခင်ရင်းကို အလွန်မုန်းတီးခဲ့သည်။

သူမ အရင်ဘဝတုန်းက လင်းရှောင်ချီး၏ ဖခင်သည် သူမနှင့် ပြန်လည် ပေါင်းစည်း လိုသဖြင့် သူမကို ရှာဖွေရန် ဒီအချိန်လောက်တွင် ရောက်လာခဲ့သည်။

အကြောင်းပြချက်ကတော့ သူ့မှာ သူ့ဇနီးဖြစ်သူ နှင့်အတူ ရရှိထားသော သားတစ်ယောက်သာ ရရှိခဲ့သောကြောင့် ဖြစ်သည်။

အစကတော့ သူ့သားဖြစ်သူကို မိသားစု စီးပွားရေးကို အမွေဆက်ဆံဖို့ မျှော်လင့် ထားခဲ့ပေမယ့် ထိုသားဖြစ်သူက လွန်ခဲ့သော လအနည်းငယ်က မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပြီး သူ့တွင်လည်း ငယ်ရွယ်စဉ်တုန်းက ဒဏ်တွေကြောင့် နောက်ထပ် ကလေးမွေးဖို့ မဖြစ်နိုင်တော့ပေ။

သူ့မှာ သားစဉ်မြေးဆက်တွေ မရှိတော့တာကို မြင်လိုက်ရသဖြင့် နောက်ဆုံး၌ သူသည် လင်းရှောင်ချီးတို့ သားအမိအား သတိရသွားခဲ့သည်။ လင်းရှောင်ချီးကို အသိအမှတ်ပြုပြီး သူမအတွက် လက်ထပ်ပွဲ တစ်ခုကို စီစဉ်ပေးကာ သူမ၏ ခင်ပွန်းသည်ကို သူတို့မိသားစုထဲသို့ ဝင်ခိုင်းဖို့ အစီအစဉ်ဆွဲခဲ့သည်။ သူတို့မိသားစု၏စည်းစိမ်ဥစ္စာကို အမွေဆက်ခံဖို့ မြေးတစ်ယောက် မွေးစေချင်ခဲ့သည်။

လင်းရှောင်ချီးက ဒီအကြောင်းကို သိလိုက်ရသောအခါ သူမ အလွန်အမင်း စက်ဆုပ်ရွံရှာ သွားခဲ့သည်။ အစကတော့ သူမ ဒါကို ငြင်းဆန်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။

သို့ရာတွင် နောက်ပိုင်းမှာ သူမတို့မိသားစ၏ အရင်းအနှီးနှင့်ပတ်သက်ပြီး ပြဿနာ ရှိနေတယ် ဆိုတာကို သိလိုက်ရတော့ သူမတို့ မိသားစုကို ကူညီရန် ထိုရွံရှာဖွယ် ကောင်းသော 'အိမ်'သို့ ပြန်သွားသောအခါတွင် သူတို့က သူမကို ဝှက်ထားခဲ့သည်။

အဆုံးတွင် သူမ ခင်ပွန်းသည်၏ သားဖြစ်သူကို ဆုံးရှုံးခဲ့ပြီး အသည်းကွဲ အရူးဖြစ်နေသော အမျိုးသမီး တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လင်းရှောင်ချီးသည် သူမအပေါ် ကြင်နာတတ်သော၊ ချစ်မြတ်နိုးပြီး ကာကွယ်ပေးသည့် အမျိုးသားနှင့် တွေ့ဆုံဖို့ အခွင့်အရေးလေးတောင် မရရှိခဲ့ဘူး။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now