Part 228

954 74 0
                                    

228 01

အခန်း (၂၂၈)

မမျှော်လင့်ထားသော အံ့အားသင့်စရာ တစ်ခု

စုယန်ယန်သည် ထိုမိသားစုအကြောင်းကို ရုတ်တရက် တွေးလိုက်မိသောကြောင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ သူမသည် သူတို့၏ ပုတ်သိုး ဆွေးမြည့်နေသည့် စိတ်ဓာတ် အကြောင်းကို ဆက်မပြောချင်တော့ပေ။

သူမက စကားခေါင်းစဉ် ပြောင်းရန် အစပျိုးခဲ့သည်။

"ဒီရက်ပိုင်း သွမ်းသွမ်း ရှင့်ကို ဒုက္ခပေးသေးလား"

စုယန်ယန်သည် အခုတလော အရမ်း အလုပ်များ နေသည့်အပြင် ဟောက်ချန်ဟွမ်း ထံသို့ အလည်အပတ် မရောက်ရှိသဖြင့် သူမ၏ အမွေးပ ွခွေးလေးကို သူလေး၏ အိမ်မက်ထဲက ချစ်သူလေးနှင့် တွေ့ဆုံဖို့ မခေါ်သွားရသေးပေ။

မတူညီသော နေရာဒေသတွင် နှစ်ရှည်လများ မဆုံတွေ့ခဲ့ရသော အချစ်ရေးသည် မကြာသေးမီက ပြန်တွေ့သည့် အခါမှာ အနည်းငယ် အဆင်မပြေသလို ဖြစ်သွားခဲ့သည့်အတွက် သူလေး အသည်းကွဲနေခဲ့သည်။ တစ်ချိန်က သူလေးရဲ့ ဒုတိယအချစ်ဖြစ်သော ပိုင်ရှင်ကိုပင် ပြဿနာ မရှာနိုင်ဘူး ဖြစ်နေသည်။

"ကိုယ်တို့ လက်ထပ်ပြီးတဲ့ အချိန်အထိ စောင့်ကြတာပေါ့"

စုယန်ယန်က အပြုံးလေးဖြင့် "ဟုတ်တယ်၊ ကျွန်မတို့ လက်ထပ်ပြီးတဲ့ အချိန်အထိ စောင့်လို့ရတယ်"

ဟောက်ချန်ဟွမ်းသည် သွမ်းသွမ်းကို ခေါ်ပြီး ဟွားဟွားကို သွားတွေ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် လင်းရှောင်ချီးက ဟွားဟွားကို ခေါ်ပြီး သွမ်းသွမ်းကို လာတွေ့တာပဲဖြစ်ဖြစ် သွမ်းသွမ်းက ဟောက်ချန်ဟွမ်း၏ နေရာမှာ နေထိုင်တာ ဖြစ်သောကြောင့် မသင့်တော်ပါဘူး။

သူမသည် ဒီပြဿနာကို မဖြေရှင်းမီ သူမတို့ အရင်ဆုံး လက်ထပ်ပြီးမယ့် အချိန်အထိ စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။

"ခဏပဲစောင့်၊ ကျွန်မ ရှင့်ကို သက်တံရောင် ကောင်းကင်ပေါ်မှာ သိပ်မကြာခင် လာရှာမယ်"

ဟောက်ချန်ဟွမ်းသည် သူမ၏ စကားကြောင့် သဘောကျသွားက "ကောင်းပြီ၊ ကိုယ် မင်းကို စောင့်နေမယ်"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now