အခန်း (၂၇၁)
မန်ဒရင်းဘဲဟင်းအိုး
စုယန်ယန်သည် ဟော့ပေါ့မှာ ထည့်ရမည့် ပါဝင်ပစ္စည်းတွေကို စတင် ပြင်ဆင်ခဲ့သည်။
ပထမဦးစွာ အာလူး၊ ပိန်းဥ၊ ဆလပ်ရွက်၊ မုန်လာဥ စသည့်ဖြင့် ဟင်းသီးဟင်းရွက် အချို့ကို ပြင်ဆင်ပြီးနောက် အမဲသားလွှာ၊ ဝက်သားလွှာ၊ ဘဲအသည်းအမြစ်နှင့် အခြားသော အသားလွှာတွေကို ပြင်ဆင်ခဲ့သည်။
လှီးဖြတ်ထားရန် လိုအပ်သော အမဲသား၊ အာလူးနှင့် အခြားသော ပါဝင် ပစ္စည်းများကို အရွယ်အစားတူ လှီးဖြတ်ထားသည်မှာ အံ့သြစရာ ကောင်းသည်။ မျှော်လင့်ထားသည့်အတိုင်း သူမသည် ချီးကျူးမှုတွေကို ထပ်မံရရှိခဲ့ပြန်သည်။
သူမ လှီးဖြတ်ပြီးသွားသော အချိန်တွင် နံဘေးရှိ ချက်ပြုတ်ထားတဲ့ ဟင်းဟာ အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အဖုံးဖွင့် လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်သော အနံ့က ယခင်ကထက် အနည်းငယ် ပိုကြွယ်ဝလာသည်။
အပြင်မှာ စိတ်အား ထက်သန်စွာ စောင့်ဆိုင်းနေတဲ့ လူအနည်းငယ်ကိုပင် မပြောနဲ့ဦး၊ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ကြည့်ရှုသူတွေကိုတောင် မသိစိတ်ကနေ တံတွေးမျိုချမိအောင် စွမ်းဆောင် သွားနိုင်သည်။
စုယန်ယန်သည် အိုးထဲရှိ အစားအသောက်တွေကို ကျက် မကျက် စစ်ဆေးရန် တူဖြင့် ထိုးကြည့်လိုက်သည်။ ပါဝင်ပစ္စည်းတွေ ကျက်လုနီးပါး ဖြစ် မဖြစ် သေချာအောင် စစ်ဆေးပြီးနောက် ပန်းကန်ပြားပေါ် ဆယ်တင်လိုက်သည်။
အချိန်အကြာကြီး စောင့်ဆိုင်းနေသော ပရိသတ်များသည် ၎င်းကို မြည်းစမ်းရန် လျင်မြန်စွာ စတင်လိုက်ကြပြီး စားသောက်ပြီးသည်နှင့် ချက်ချင်း မှတ်ချက်တွေ ပိုပြင်းထန် လာသည်။
[အား... အား... အား... အား...၊ ဒီအသားအနံ့က အရမ်းကောင်းတယ်၊ အရင်က စားဖူးတဲ့ ဝက်သားပြုတ်ထက် အဆတစ်ရာ ပိုကောင်းတယ်။]
[ငါ ဒါကို မြည်းစမ်းကြည့်ပြီးတော့ ငါ့မှာ အတွေးတစ်ခုပဲ ရှိတော့တယ်။ ငါ့ကို ထမင်း တစ်ပန်းကန်ပေးပါ၊ ငါ အစားကြီးလွန်းလို့ တင်ဆက်သူကို ဆင်းရဲသွားအောင် လုပ်လို့တောင် ရတယ်။]
