အခန်း (၂၉၅)
– အမွေအနှစ်၏ ကောင်းချီး
"ဒါက အနီရောင်ကြက်ဥလား။ အရမ်းလှတာပဲ။"
"ဒီကို မလာခင်တုန်းကတော့ အနီရောင်ကြက်ဥကို အနီရောင်လို့ပဲ ထင်ခဲ့ပေမယ့် အခုကျ ပန်းရောင်နဲ့ ခရမ်းရောင် ဖြစ်နေတယ်နော်။"
စားသုံသူတွေက အနီရောင်ကြက်ဥအကြောင်းကို အရမ်းစိတ်ဝင်စားကြသည်။ ကြက်ဥတွေကို ယူပြီးတာနဲ့ သူတို့ဟာ ကြက်ဥတွေရဲ့ အထဲမှာ ဘာတွေ ကွာခြားလဲ ဆိုတာကို သိချင်စိတ်အပြည့်ဖြင့် ဖွင့်ကြည့်ချင်ကြသည်။
ရလဒ်ကတော့ သိသာထင်ရှားပါသည်။ သူတို့လက်ထဲကို ကိုင်ထားသည့် ကြက်ဥအပေါ်ခွံကို ဆေးဆိုးထားရုံမျှမက ပြုတ်ထားသော ကြက်ဥအတွင်းမှ အတွင်းသားပါ အနီရောင် ဖြစ်နေခဲ့သည်။
"ဒါက..." စားသုံးသူတော်တော်များများက ဒီရုတ်တရတ် အခြေအနေကြောင့် ထိတ်လန့်သွားပြီး "ဒါက ငါတို့ စားလို့ရသေးရဲ့လား။"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ စားသောက်ဆိုင်က အနီရောင်ကြက်ဥတွေကို လတ်ဆတ်တဲ့ ပန်းဖျော်ရည်နဲ့ ဆေးဆိုးထားတာ ဖြစ်လို့ အန္တရာယ်ကင်းပြီး စားလို့ရပါတယ်။"
"ဒါက လတ်ဆတ်တဲ့ ပန်းဖျော်ရည်နဲ့ အရောင်ဆိုးထားတာလား။ ဒါက အတော်လေး ဆန်းသစ်တာပဲ။" ပန်းပွင့်လေးတွေကို ချစ်မြတ်နိုးတဲ့ မိန်းကလေးသည် အနီရောင်ကြက်ဥလေးတွေကို နှာခေါင်းအောက် အနံ့ရှုကြည့်လိုက်သည့်အခါတွင် ပန်းနံ့သင်းသင်းလေးကို အမှန်တကယ် ခံစားမိလေသည်။
ကြက်ဥပြုတ်ရဲ့ အရသာကတော့ အတူတူပါပဲ၊ အခြေခံအားဖြင့် ကွာခြားချက် ကြီးကြီးမားမား သိပ်မရှိဘူး။
သို့ပေမယ့် ကြက်ဥကို ဆေးဆိုးထားသည့်နောက်မှာတော့ အနီရောင်ကြက်ဥကို တစ်ခါမှ မစားဖူးသူတွေအတွက်ကတော့ ဒီကြက်ဥဟာ စားဖို့ သက်သက်သာ မဟုတ်ဟု ခံစားလာရသည်။ သူတို့သည် စားသောက်နေရင်း ကောင်းချီးပေးခံရတယ်လို့ ခံစားလာခဲ့ကြပြီး ထိုစိတ်ဖြင့် အလေးအနက် စားသောက်ခဲ့ကြသည်။
ပထမအသုတ် အနီရောင်ကြက်ဥတွေကို ဖြန့်ဝေပြီးနောက် ဆေးဖက်ဝင်ဟင်းလျာများကို တစ်ခုပြီးတစ်ခု တည်ခင်းခဲ့သည်။ ဆေးဖက်ဝင် ဟင်းလျာများနှင့်အတူ ကြီးမား လုံးဝန်း တောက်ပသော အနီရောင် ထန်ဟုလူများကိုလည်း ရရှိခဲ့ပြန်သည်။
