အခန်း (၂၈၂) – မင်း ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ။
ဟောက်ချီဟန်ရဲ့ စကားဆုံးဆုံးချင်းမှာပင် အေးစက်သောအသံက သူတို့နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။
ခြံဝန်းထဲရှိ လူတိုင်း ကြက်သေ သေသွားကြပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ကျိုးယန်ပိုင်က ဘီးတပ်ကုလားထိုင်ဖြင့် တွန်းလာသော ဟောက်ချန်ဟွမ်းကို မြင်တွေ့လိုက်ရသည်။
"ရှင် ဘာဖြစ်လို့ အပြင်ထွက်လာရတာလဲ။" စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ နံဘေးနားသို့ စိုးရိမ်စိတ်အပြည့်နဲ့ ပြေးသွားသည်။
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို နှစ်သိမ့်ပေးဟန် ပုတ်လိုက်ပြီး နူးညံ့ညင်သာစွာ မေးလိုက်သည်၊ "မင်း အဆင်ပြေရဲ့လား။"
စုယန်ယန်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူမသည် ညည်းညူတိုင်ကြားရန် အခွင့်အရေးကို ရယူခဲ့သည်။ "ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ နည်းနည်းတော့ လန့်သွားတယ်။"
ခွေးလေးထံမှ ကြောက်ရွံ့ထိတ်လန့်နေတဲ့ ကလေးတစ်ဦးလို သနားစရာအသံလေး ချက်ချင်းပင် ထွက်လာသည်။
ဟောက်ချီဟန်သည် ဟောက်ချန်ဟွမ်း ထွက်လာပြီးနောက် သူ့အစ်ကိုနှင့် မရီးကို ဂရုမစိုက်ပဲ ခွေးလေးရဲ့ အခြေအနေကို မေးမြန်းနေတာကို မြင်တော့ ဒေါသပိုထွက်လာခဲ့သည်။
ဒီဒုက္ခိတရဲ့ အမြင်မှာ သူ့အစ်ကို ခွေးလောက်တောင် အရေးမကြီးဘူးလား။
"ဟောက်ချန်ဟွမ်း၊ မင်း ဒီခွေးမကို မင်းရဲ့အစ်ကိုနဲ့ မရီးကို အရှက်ခွဲခွင့် ပေးလိုက်မှာလား။ မင်း ဟောက်မိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ချနင်းခွင့် ပေးလိုက်တော့မှာလား။"
ဟောက်ချန်ဟွမ်းက သွမ်းသွမ်းရဲ့ လက်ကို ထိနေရာမှ ရပ်တန့်သွားပြီး ဟောက်ချီဟန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ "မင်းနဲ့ မင်းရဲ့ သားတို့ကမှ ဟောက်မိသားစုရဲ့ ဂုဏ်သိက္ခာကို နင်းချေနေတဲ့ သူတွေ မဟုတ်ဘူးလား။"
"မင်း ဘာပြောလိုက်တာလဲ။"
"မင်္ဂလာပွဲကျင်းပနေစဥ် မင်းက ဟောက်မိသားစုရဲ့ မင်္ဂလာပွဲကို ကြုံရာကျပန်း အမျိုးသမီးတချို့ကို ဖိတ်ခေါ်လာပြီး အထက်တန်းစား အသိုင်းအဝိုင်းမှာ လူရယ်စရာဖြစ်အောင် လုပ်ခဲ့တယ်။ နောက်တော့ မင်းက အဲ့ဒီအမျိုးသမီးကို အရှက်ကင်းမဲ့တဲ့ လုပ်ရပ်မျိုးတွေ လုပ်စေခဲ့ပြီး လူတွေရဲ့ နောက်ကွယ်မှာ ကောလာဟလမျိုးစုံကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီလိုမျိုးတွေ လုပ်ကိုင်ခဲ့ပြီး မင်းက ဟောက်မိသားစုရဲ့ မျက်မှာကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိနေသေးတာလား။ မင်းတို့ရဲ့ မျက်နှာတွေကို နိုင်ငံရပ်ခြားဂြိုလ်ပေါ် လွှတ်ပစ်ပြီး ဘယ်လို ပြန်ကောက်ရမှန်း မသိဘူးလို့ ငါ ထင်နေတာ။"
