အပိုင်း (၂၇၄)
ရှင်က ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး
သို့သော် ဤသည်မှာ အရက်စက်ဆုံး မဟုတ်သေးပေ။
သူ့ဇနီးသည်က ယုကျစ်ယန်၏ နောက်ကျောမှာ တန်းလန်းလေး ဖြစ်နေသေးတာကို မြင်လိုက်ရသည့် သွမ်းသွမ်းသည် သူလေး ထိုနေရာသို့ ပြေးခုန်မဝင်ခင် နှစ်စက္ကန့် သုံးစက္ကန့်လောက်သာ ကြောင်ကြည့် နေပြီးနောက် ခုန်ပျံကျော်လွှားသွားကာ ယုကျစ်ယန်၏ နောက်တင်ပါး တစ်ဖက်ကို ကိုက်ခဲလိုက်သည်။
လူတိုင်း၊ "..." ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်လဲ။
စုယန်ယန်နှင့် ကျန်သူများက ယုကျစ်ယန်၏ အော်ငိုသံကြောင့် သတိပြန် မဝင်လာခင် တစ်စက္ကန့်မျှ အသိလွတ် နေခဲ့ကြသည်။ သူတို့က ကူညီပေးဖို့ ခြေလှမ်း စချင်ပေမယ့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့ကြသည်။ ဒီမြင်ကွင်းသည် ခဏတာမျှ ရှုပ်ထွေးသွားခဲ့သည်။
ဟွားဟွားက ရုတ်တရက် ပြေးထွက်လာပြီး ကိုက်ခဲလိမ့်မည်ဟု လင်းရှောင်ချီး တစ်ယောက် မထင်ထားခဲ့ပေ။ သူမသည် သတိပြန် မဝင်ခင် စက္ကန့် အနည်းငယ်ခန့် ထိတ်လန့် သွားခဲ့သည်။ သူမသည် ရှေ့သို့ပြေးသွားပြီး "ဟွားဟွား၊ သူ့ကို လွှတ်ပေးလိုက်၊ သူ့ကို မကိုက်ရဘူး" လို့ အော်လိုက်သည်။
စုယန်ယန်သည်လည်း အသိပြန်ဝင်လာပြီး ကမန်းကတန်း အော်ဟစ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ သူ့ကို လွှတ်ပေးလိုက်။ နင်တို့ပါးစပ်ထဲ အရာအားလုံးကို မထည့်ရဘူးလေ။ ညစ်ပတ်တဲ့ အရာ တစ်ခုခုကို ကိုက်မိလို့ ဝမ်းလျှောကုန်ရင် ဘယ်လို လုပ်မလဲ"
ကျိုးယန်ပိုင်နှင့် ကျန်သူများ၊ "..." သခင်မလေး၊ ဒါက အဓိကအချက်လားဟင်။
ဒါပေမယ့် စုယန်ယန်၏ စကားများက အသုံးဝင်ကြောင်း လက်တွေ့ သက်သေပြနိုင်ခဲ့သည်။ ခွေးနှစ်ကောင်သည် သူမ၏ အော်ပြောသံကို ကြားလိုက် ရသောအခါ သူတို့၏ ခန္ဓာကိုယ်တွေ တောင့်တင်း သွားကြပြီး နောက်ဆုံး၌ သူတို့သည် ကိုက်ခဲထားရာမှ လွှတ်ပေးလိုက်ပြီး ယုကျစ်ယန် အပေါ်မှ ခုန်ချလာခဲ့ကြသည်။
