အခန်း (၂၆၆)
အတွေးရိုင်းများ
စုယန်ယန်သည် ဆန်ပြုတ်ပန်းကန် လားရာဆီသို့ ကြည့်လိုက်ရာ ဦးလေးကျန်းနှင့် အကြည့်ချင်း စုံတွေ့သွားခဲ့သည်။
"မင်္ဂလာဆောင်ပြီး ဒုတိယနေ့မှာ သတို့သမီးက ချီးကျူးဂုဏ်ပြုခံဖို့အတွက် ပဲနီလေး ဆန်ပြုတ် စားရမယ်လို့ ဦးလေး ကြားဖူးတယ်။ သခင်မလေးက ရှေးခေတ်ကမ္ဘာက အစားအသောက်တွေကို အရမ်းကြိုက်တဲ့အတွက် ဒီဓလေ့ကိုလည်း သဘောကျမယ်လို့ ထင်တဲ့အတွက် ဒီပဲနီလေး ဆန်ပြုတ်ကို ဦးလေး မီးဖိုချောင်ကို ချက်ပြုတ် ခိုင်းခဲ့တာပါ"
စုယန်ယန် တစ်ယောက် ပြောစရာ စကား ပျောက်ရှသွားသည်။
ပဲနီလေးဟာ အိမ်ထောင် ပြုပြီးပြီးချင်း နောက်တစ်နေ့ မနက်မှာ လင်မယား နှစ်ယောက်ကြား သံယောဇဉ်ကြိုး ပိုမို တိုးများလာအောင် စွမ်းဆောင် ပေးတယ်လို့ သူမ တိကျသေချာစွာ မှတ်မိပေမယ့် အများအားဖြင့် သူတို့ ပြောကြတာကတော့...
ဒါကို တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် စုယန်ယန်၏ မျက်နှာလေးဟာ ရဲရဲနီသွားခဲ့ပြီး မနေ့ညက သူမတို့ ဘာမှမလုပ်မိကြောင်း ရှင်းပြဖို့ လုပ်မိတော့မလို ဖြစ်သွားပေမယ့် သူမတို့က လက်ထပ် ထိမ်းမြားပြီးသည့် တကယ့်ဇနီးမောင်နှံတွေ ဖြစ်သွားကြောင်း အမှတ်ရသွားခဲ့သည်။ ဒါကို ရှင်းပြစရာ မလိုဘူးလို့ သူမ ထင်သည်။
စုယန်ယန်သည် ဒီအရိပ်အမြွက်ကို တိတ်တဆိတ် လိုက်နာခဲ့ပြီး ရှက်သွေး ဖြန်းနေသော မျက်နှာလေးဖြင့် ပဲနီလေးဆန်ပြုတ်ကို တစ်ဇွန်းပြီး တစ်ဇွန်း စားနေခဲ့သည်။
သူမ ဆန်ပြုတ်ကို နာခံစွာ သောက်နေသည်ကို မြင်လိုက်ရသောအခါ ဦးလေးကျန်းသည် သူ့စိတ်ထဲတွင် အနည်းငယ် သက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။
မနေ့ညက ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်သား အိမ်ထဲ ဝင်သွားပြီးနောက်မှာ သူ စိုးရိမ်ကြောင့်ကြလျက် ရှိနေသေးသည်။ အခန်းအပြင်ဘက်မှာ ခဏလောက်ရပ်ပြီး နားထောင်ကြည့်သည်။ စုယန်ယန်က ဟောက်ချန်ဟွမ်းကို အဝတ်ကူချွတ် ပေးရမလားလို့ မေးလိုက်သံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။