အခန်း (၂၄၈)
လက်လုပ် လက်ဆောင်ပစ္စည်း
ချိန်ကျွင်းဟောက်သည် အမှန်တရားကို နားလည် သဘောပေါက်သွားပြီး ဟောက်ချန်ဟွမ်းကို မနာလိုစွာ ကြည့်လိုက်သည်။
တစ်ခဏတာမျှ တုံ့ဆိုင်းပြီးနောက် သူက မနေနိုင်ပဲ မေးမိသည်၊ "မင်းရဲ့ခြေထောက်တွေက... ကုသနေတုန်းပဲလား"
ချိန်ကျွင်းဟောက်၏ စကားကြောင့် နှစ်ယောက်သား ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ စုယန်ယန်သည် သူမဦးလေးဖြစ်သူ၏ စကားကြောင့် သူ စိတ်မကောင်း ဖြစ်သွားမှာကို စိုးရိမ်ပြီး ဟောက်ချန်ဟွမ်းကို အထိတ်တလန့် ကြည့်မိသည်။
ဟောက်ချန်ဟွမ်းသည် သူမ၏ စိုးရိမ်ပူပန်မှုကို လှမ်းမြင်ပြီး သူမ လက်ကလေးကို လှမ်းဆွဲပြီး အသာ လှုပ်ခတ်လိုက်သည်။
"မဟုတ်ဘူး။ ဆေးရုံက ကုသဖို့ နည်းလမ်း မရှိဘူးလို့ ပြောတယ်"
ချိန်ကျွင်းဟောက်က အနည်းငယ် ထိတ်လန့်သွားပြီး သူ ဘာမှ မပြောနိုင်ခင် စုယန်ယန်က "ဒါက ယာယီပါပဲ" လို့ ဝင်ပြောသည်။
ဟောက်ချန်ဟွမ်း ကြက်သေ သေသွားပြီး စုယန်ယန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ ခိုင်မာပြီး လေးနက်နေသည့် မျက်ဝန်းတွေဖြင့် အကြည့်ချင်း ဆုံလိုက်ရသည်။
"ဒါက ယာယီပဲလေ"
ဟောက်ချန်ဟွမ်း၏ နှလုံးခုန်သံက တဒုတ်ဒုတ် မြန်ဆန်သွားပြီး "ဟုတ်တယ်" လို့ အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
စာကြောင်း အနည်းငယ် နားထောင်ပြီးနောက် လျစ်လျူရှု ခံထားရပြီး ခွေးစာအပြည့် စားလိုက်ရသည့် ချိန်ကျွင်းဟောက် "..." ကောင်းပြီ၊ မေးစရာ မလိုတော့ဘူး။ သူ ထင်တဲ့အတိုင်းပဲ ဖြစ်လိမ့်မည်။
သူက အကျင့်မကောင်းတဲ့ သူတစ်ယောက်ပဲ မဟုတ်လား။ သူက ငါတို့ယန်ယန် သူ့အပေါ် အရမ်းချစ်မြတ်နိုးအောင် ဘယ်လို လုပ်ထားတာလဲ။
ချိန်ကျွင်းဟောက်က ဒီအကြောင်းကို ပိုတွေးလေလေ၊ ဒေါသတွေ ပိုထွက်လာလေလေပါပဲ။ အဆုံးမှာတော့ သူက သူ့ဒေါသတွေကို စားချင်စိတ်အဖြစ် ပြောင်းလဲကာ သူ့ကိုယ်သူ အောင်မြင်စွာ ပံ့ပိုးပေးနိုင်ခဲ့သည်။
