Part 200

1.3K 98 0
                                    

အခန်း (၂၀၀)

သေအောင် ရိုက်နှက် ခံရလိမ့်မည်

သူ့စိတ်အခြေအနေကို ချိန်ညှိပြီးနောက် လျှို့ကြီးသည် ဒီကိစ္စကို သူ့ခေါင်းထဲမှ ထုတ်ထားလိုက်ပြီး ဒါကို မေ့လျော့ သွားခဲ့သည်။ သူက ဒါကို နည်းနည်းမှ သတိမထားမိပေမယ့် နောက်နေ့တွေမှာ ပြောင်းလဲမှုတွေ စတင် ဖြစ်ပေါ်လာခဲ့သည်။

"အဲ့တာ ဘာလဲ"

လျှို့ကြီးသည် သူ့ခေါင်းကို မော့ကြည့်လိုက်‌တော့ သူ့ဇနီးသည်၏ အံ့သြ တုန်လှုပ်နေသော အကြည့်တွေကို တွေ့လိုက်ရသည်။

"ရှင့်ခေါင်းက..."

"ကိုယ့်ခေါင်းလား"

လျှို့ကြီးဟာ စိတ်ရှုပ်ထွေး သွားသည်။ မနေ့က သူ သောက်သုံးခဲ့တဲ့ စွပ်ပြုတ် အကြောင်းကို တွေးပြီး ညတွင်းချင်း ဆံပင်တွေ ပြန်ပေါက် လာတယ်လို့ ထင်ခဲ့သည်။ သူ့ခေါင်းကို စိတ်လှုပ်ရှားစွာနဲ့ ထိတွေ့ကြည့်တော့ ဘာမှ မပြောင်းလဲပဲ ယခင်အတိုင်း ရှိနေဆဲပင်။

လျှို့ကြီး "..."

လျှို့ကြီး၏ ဇနီးသည်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသော်လည်း ထိုအရာက မဖြစ်နိုင်ဟု တွေးလိုက်မိသည်။ သူမက ကိုးရိုးကားရား ချောင်းဆိုးလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မ စိတ်ထင်တာ ဖြစ်နိုင်ပေမယ့် ရှင့်ရဲ့ ဦးခေါင်းပေါ်က ပြောင်နေတဲ့ နေရာတွေက နည်းနည်း နက်မှောင် သွားသလိုပဲ ခံစားလိုက်ရတယ်"

လျှို့ကြီး၏ စိတ်ခံစားချက်များသည် ရိုလာကိုစတာ စီးနေသကဲ့သို့ တက်လိုက် ကျလိုက် ခံစားလိုက်ရသည်။ သူ ဒီကိစ္စကို စိတ်မဝင်စားတော့ပဲ စိတ်ပျက်လက်ပျက်ဖြင့် ကုမ္ပဏီသို့ အလုပ်တက်ခဲ့သည်။

ဒီကိစ္စတွေက ပြီးသွားပြီလို့ သူ ထင်ခဲ့ပေမယ့် လာမယ့်ရက် အနည်းငယ် အတွင်းမှာတော့ သူ၏ ပြောင်နေသော ခေါင်းရဲ့ အနေအထားက တဖြည်းဖြည်း ပြောင်းလဲ လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

ငါးရက်မြောက်နေ့ မနက်ခင်းမှာတော့ သူ၏ ပြောင်လက်နေသော ဦးခေါင်းပေါ်မှ ဧရိယာက ဆံပင်တွေ စပေါက် လာခဲ့သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now