အခန်း (၂၆၅)
ပဲနီလေးဆန်ပြုတ်
ယုကျစ်ယန် ပြေးထွက်သွားပြီးနောက် နှစ်ယောက်သား အသိပြန်မဝင်ခင် တစ်ယောက်ကို တစ်ယောက် နှစ်စက္ကန့်မျှ ကြည့်မိကြသည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း အပေါ်မှ လူးလဲထရင်း ရေချိုးခန်းထဲသို့ အပြေးဝင်သွားသည်။ "ကျွန်မ အရင်ဆုံး သွားတိုက် လိုက်ဦးမယ်။ အိပ်ရာထတော့၊ ကျွန်မတို့ မနက်စာ စားရမယ်"
ဟောက်ချန်ဟွမ်းသည် ထွက်ပြေးသွားသော သူမ၏ နောက်ကျောကို လှမ်းကြည့်ပြီး အနည်းငယ် မပြုံးပဲ မနေနိုင်တော့ပေ။ သူက သူမ ဆင်းသွားသည့် နေရာလေးကို ထိတွေ့ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ အိမ်အောက်ထပ်သို့ ဆင်းလာသည့် အချိန်တွင် ထမင်းစားပွဲဝိုင်းမှာ ဦးလေးကျန်း တစ်ယောက်တည်းကိုသာ မြင်လိုက်ရသည်။
ယုကျစ်ယန်ကတော့ ဘယ်နေရာကို ပြေးသွားမှန်းပင် မသိရပေ။ သူ့ကို ကြိမ်းမောင်း အပြစ်တင်ကို ရှောင်ရှားနိုင်ဖို့ အတွက် အပြင်ဖက်တွင် ပုန်းအောင်းနေရမယ်လို့ မှန်းဆထားတာ ဖြစ်ရမည်။
ဦးလေးကျန်းသည် ချိုးချိုးချွတ်ချွတ် အသံတွေကို ကြားလိုက်ရသဖြင့် အသံကြားရာဆီ မသိစိတ်အရ ခေါင်းလှည့် ကြည့်လိုက်တော့ အိမ်အပေါ်ထပ်မှ နှစ်ယောက်အတူ ဆင်းလာတာကို မြင်လိုက်ရသဖြင့် သူ့မျက်ဝန်းတွေ တောက်ပသွားသည်။ သူက ခပ်ပြုံးပြုံးဖြင့် ပြောသည်။
"သခင်လေး၊ သခင်မလေး၊ အိပ်ရာနိုးကြပြီလား။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မီးဖိုချောင်မှာ အချိုပွဲ နည်းနည်း ပြင်ဆင်ထားတယ်။ သခင်မလေး၊ ကျေးဇူးပြုပြီး သခင်မလေးရဲ့ အကြိုက်နဲ့ ကိုက်ညီမှု ရှိ မရှိ မြည်းစမ်း ကြည့်ပေးပါဦး"
စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ထမင်းစားပွဲဝိုင်းသို့ တွန်းလာခဲ့သည်။ သူမသည် စားပွဲပေါ်က အဆာပြေမုန့်တွေကို တစ်ချက်ကြည့်ပြီး ခဏရပ်သွားသည်။
"ဒီအဆာပြေမုန့်တွေက..."
ဦးလေးကျန်းက စုယန်ယန် မေးချင်တာကို သိတဲ့အတွက် အရင် ရှင်းပြလိုက်သည်။ "သခင်မလေးက အရင်က သခင်လေးအတွက် အချိုပွဲတွေ အများကြီး လုပ်ပေးခဲ့တယ်။ ဒီအချိုပွဲတွေကို အိမ်က စားဖိုမှူးတွေက သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သခင်မလေး ပြုလုပ်ထားသလို သေချာပေါက် အရသာရှိမှာတော့ မဟုတ်ဘူး။ ဒီမနက် အချိန်ကလည်း နည်းနည်းလင့်နေတော့ သခင်မလေး နည်းနည်းလောက် စားသွားသင့်တယ်။ ဦးလေးတို့ မနက်ဖြန် အိမ်ဟောင်းကို ပြန်ရောက်တဲ့အခါမှ သခင်မလေးတို့ စုံတွဲအတွက် တခြား အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးပါ့မယ်"
![](https://img.wattpad.com/cover/342147150-288-k479399.jpg)