Part 202

1K 75 0
                                    

အခန်း (၂၀၂)

ဒဏ်ရာရသွားသည့် အနုပညာရှင်

စုယန်ယန်သည် ချင်ရွှယ်ရူအတွက် ပြင်ဆင်ပေးထားသည့် ဆေးဖက်ဝင် ဟင်းလျာများတွင် သားအိမ်ကို ပြန်လည် ကုစားပေးသည့် အာနိသင်များ ပါရှိပြီး သူမခန္ဓာကိုယ်၏ အချို့နေရာများ အတွက် အာဟာရ ဖြစ်စေသည်။

ထို့အပြင် ချိန်ရှုချင်သည် သူမ သူငယ်ချင်းများနှင့် စျေးဝယ်ထွက်တိုင်း အပြင် လျှောက်လည်တိုင်း သူမကိုပါ ခေါ်ဆောင် သွားလေ့ရှိသည်။

သူတို့ သွားလာ လှုပ်ရှားစရာတွေ များလာတော့ ဘဝဟာ ပြီးပြည့်စုံ လာခဲ့တယ်။ နေထိုင်မှုဘဝက ပြီးပြည့်စုံ လာသောအခါ ပူပန်စရာများကို သိပ်မတွေး ဖြစ်တော့သဖြင့် အတွေးအခေါ် များသည်လည်း ပြောင်းလဲ လာခဲ့သည်။

ချင်ရွယ်ရူသည် သူမ ပထမဆုံး ရောက်စဉ်ကထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုမို တိုးတက် ကောင်းမွန် လာခဲ့သည်။

ချိန်ကျွင်းဟောက်သည်လည်း ဒီအပြောင်းအလဲကို မြင်တွေ့ခဲ့ရပြီး သူ့စိတ်ထဲတွင် ပီတိ ဖြစ်ခဲ့ရသည်။ သူက ရယ်မောလိုက်ပြီး လူအများ၏ စနောက် ကျီစယ်နေမှုကို မငြင်းဆန်ခဲ့ပါဘူး။

သူက ချင်ရွယ်ရူ၏ ကွဲပြား ခြားနားချက်ကို မြင်တွေ့ခဲ့ပြီး ဒီနှစ်ရက်အတွင်းမှာ သူ့ခန္ဓာကိုယ်ကလည်း အပြောင်းအလဲတွေ ရှိနေပုံပေါ်သည်။

တိုတိုပြောရရင် မနေ့ညတုန်းက သူတို့ နှစ်ယောက်လုံး ငယ်ရွယ်စဉ် အချိန်တုန်းက အမှတ်တရ အချို့ကို ပြန်အမှတ်ရပြီး ချစ်ဇော အဟုန်ထဲ နစ်မြှုပ်ခဲ့ကြသည်။

ပြောရတာ နည်းနည်း ရှက်ဖို့ ကောင်းသော်လည်း သူတို့က လင်မယားတွေဆိုတော့ ဒီလိုမျိုး လုပ်တာ မှန်ကန်ပြီး ရှက်စရာ မရှိပါပေ။

မိသားစုတွေ မနက်စာ စားရင်း စကားစမြည် ပြောဆို ရယ်မောပြီးနောက် စုယန်ယန်သည် ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် ဖွင့်မည့် နေရာသို့ သွားရန် ပြင်ဆင်ခဲ့သည်။

အိမ်မှ မထွက်ခွာခင် မထင်မှတ်ပဲ ရှားကျွင်းရှန့်ဆီက ဖုန်းဝင်လာခဲ့သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now