အခန်း (၂၁၂)
သူမက ငါ့ကို အသုံးချခဲ့တာပဲ
ယိုယွီရှစ်က သီးသန့် ဆေးရုံခန်းတွင် တက်ရောက်နေတာဖြစ်ပြီး အကောင်းဆုံး ဇိမ်ခံ လူနာခန်းထဲမှာ တစ်ခုဖြစ်သည်။ သီးသန့် ရေချိုးခန်း ရှိရုံတင်မကပဲ အခန်းထဲမှာ အဝတ်အစားလဲဖို့ အခန်းငယ်လေး တစ်ခုပါ ပါရှိသည်။
ဝမ်ကျင့်ဖျင် အခန်းထဲကို ဝင်လာလာချင်း ကတည်းက သူမရဲ့ အာရုံစူးစိုက်မှုတွေကို ယိုယွီရှစ်တို့ ညီအစ်မ နှစ်ယောက်ထံမှာပဲ လုံးလုံးလျားလျား အာရုံစိုက် ထားခဲ့သည်။ သူမသည် ပုန်းအောင်းနေသူ ရှိမလားလို့ အခန်းငယ်လေးဘက်သို့ ငဲ့စောင်း မကြည့်ခဲ့မိဘူး။
ရလဒ်က ထင်ရှားပါတယ်။ နောက်ကွယ်မှာ ပုန်းအောင်းနေသည့်သူ တစ်ယောက် ရှိရုံသာမက အဲ့ဒီလူကလည်း သူမနှင့် အလွန် ရင်းနှီးနေသော သူတစ်ယောက်ပါ။
ဝမ်ကျင့်ဖျင်ဟာ ဒီနေရာမှာ ရှိမနေသင့်သူကို မြင်တွေ့လိုက် ရသောအခါ ကြက်သေ သေသွားခဲ့သည်။
"မုန့်ယွီ၊ နင်... နင် ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ"
"ငါက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ၊ ဟုတ်လား။ တကယ်လို့ ငါသာ ဒီကို ရောက်မနေခဲ့ဘူး ဆိုရင် ငါ့နောက်ကွယ်၊ တခြားသူတွေရှေ့မှာ နင် ဘာတွေ ပြောနေလဲ ဆိုတာကို ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
စစ်မုန့်ယွီက ရဲရဲနီနေသော မျက်လုံးများဖြင့် သူမရှေ့က လူကို ကြည့်လိုက်မိသည်။ သူမ အရမ်းမျက်စိကန်းနေတာကို အခုမှ သိလိုက်ရသည့်အတွက် သူမကိုယ်သူမ မုန်းတီးမိသည်။
လွန်ခဲ့သည့် တစ်နာရီခန့်က၊ စစ်မု့န်ယွီသည် သူမမန်နေဂျာထံမှ ရုတ်တရတ် ဖုန်းဝင်လာခဲ့ပြီး သူမအား ဆေးရုံမှ တစ်စုံတစ်ယောက်က လိုက်ရှာနေကြောင်း ပြောကြားခဲ့သည်။
စစ်မုန့်ယွီသည် ယိုယွီရှစ်မှ သူမကို ခက်ခဲစေမည့် အရာများကို ပြုလုပ်မည်မှန်း သူမ သိသည်။ သူမသည် ကြောက်ရွံ့ ထိတ်လန့် မိသော်လည်း သူမ၏ အမှားကြောင့် ဖြစ်လာမည့် အကျိုးဆက်များကို လက်ခံဖို့ ခံနိုင်ရည် ရှိရပေမည်။
