Part 293

771 57 0
                                    


အခန်း (၂၉၃)


– အိမ်ရဲ့ အသံလုံစနစ်က သိပ်မကောင်းဘူး

ဟောက်ချန်ဟွမ်းသည် အနည်းငယ် မှင်သက်နေပုံရပြီး သူ့အတွက် ရှင်းမပြနိုင်လောက်အောင် စိတ်ရှုပ်ထွေးနေခဲ့သည်။ ခဏလောက်တော့ သူ ကယောင်ချောက်ချား ဖြစ်နေတယ်လို့တောင် ထင်ခဲ့မိသည်။

အခြားတစ်ဖက်တွင်မူ စုယန်ယန်တစ်ယောက်တော့ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ သူမရဲ့ မျက်ဝန်းတွေက အနည်းငယ် နီရဲနေပြီး "ဒါက အစပိုင်းမှာ ဒီလိုခံစားရတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် နည်းနည်းကြာလာတဲ့အခါ နာကျင်လာနိုင်တယ်။ ဒါတွေက ရှောင်လွှဲလို့ မရဘူး။ ဒါက ရှင့်အာရုံကြောတွေ တဖြည်းဖြည်း ပြန်ကောင်းလာတယ်လို့ ဆိုလိုတာပဲ။ ရှင် နာကျင်မှုကို ပိုသိလေလေ၊ ရှင် ပြန်သက်သာလာနိုင်နှုန်းမြင့်တယ်လို့ ဆိုလိုတာပဲ ဖြစ်တယ်။"

"ကိုယ် အဆင်ပြေပါတယ်။ ကိုယ် နာကျင်မှုကို မကြောက်ပါဘူး။"

စုယန်ယန်က ဒီစကားကို သံသယရှိသည်။ ထိုးဆေးထိုးနှံဖို့ကိုပင် ကြောက်နေတဲ့သူက ဒီလို နာကျင်မှုမျိုးကို နည်းနည်းလေးတောင် မကြောက်ဘူးလား။

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ နှလုံးသားထဲမှ သူ့ရဲ့ တန်ခိုးကြီးပြီး အစွမ်းထက်သော ပုံရိပ်သည် ဤအပ်တစ်ချောင်းကြောင့် လုံးဝ ပြိုကျသွားသည်ကို မသိခဲ့ပေ။

စုယန်ယန်သည် အပ်စိုက်ကုသပြီးနောက်တွင် ဟောက်ချန်ဟွမ်းကို အနှိပ်ကုထုံးဖြင့် ဆက်ကုသပေးသည်။

ဒါပေါ့၊ သေချာပေါက် နှိပ်နယ်ကုသခြင်းသည်လည်း ရိုးရိုးရှင်းရှင်း လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အပ်စိုက်ကုထုံးကဲ့သို့ အပ်စိုက်မှတ်များကို ရွေးချယ်ရန် လိုအပ်ပြီး နှိပ်နယ်ခြင်း၊ ပွတ်တိုက်ခြင်းနှင့် ဆေးလိမ်းပေးခြင်း ကဲ့သို့သော နည်းလမ်းများလည်း ရှိပါသည်။ မတူညီသော အပ်စိုက်မှတ်များအတွက် မတူညီသော နှိပ်နည်နည်းများ လိုအပ်ပါသည်။

ဟောက်ချန်ဟွမ်း၏ ရောဂါအတွက် သူမသည် ယင့်ထန်၊ ပိုင်ဟွေ့၊ ဖုန်ဖူ့နှင့် အခြားအပ်စိုက်မှတ်များကို ဦးစွာ နှိပ်နယ်ပြီးနောက် ကျန့်ကျင်း၊ ကျန့်ထျောင်း၊ ချွီ့ချီနှင့် အခြားအပ်စိုက်မှတ်များသို့ ပြောင်းရွှေ့နှိပ်နယ်ပြီး နောက်ဆုံးတွင် နောက်ကျောနှင့် ခြေလက်အင်္ဂါအချို့ကို ရောက်ရှိသွားပြီး နှိပ်နယ်ကုသပေးခဲ့သည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Onde histórias criam vida. Descubra agora