အခန်း (၂၈၀)
ဒါက မင်းတို့စုမိသားစုရဲ့ သွန်သင်ဆုံးမထားတဲ့ ပုံစံလား။
စုယန်ယန်သည် သူမခွေးကို သတ်ချင်သော ဒီအရူးအား ဒေါသအမျက် ချောင်းချောင်း ထွက်နေပြီ ဖြစ်သည်။ သူမအနားမှာ သူ၏သြဇာပေးနေသော အသံကို ကြားလိုက်ရသော အခါတွင် သူမသည် ရှေ့သို့ လှမ်းတက်ပြီး သူ့ကို ကန်ကျောက်လုနီးပါး ဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် ဦးလေးကျန်းသည် သူမမှာ ပြောစရာ အားနည်းချက် ရှိသွားမည်ကို စိုးရိမ်နေသဖြင့် သူက ရှင်းပြလိုက်သည်။
"သခင်မလေး၊ ဒါက ဒီလိုပါ။ သွမ်းသွမ်းနဲ့ ဟွားဟွားတို့ အိမ်ရှေ့ခြံဝန်းထဲမှာ ကစားနေကြစဉ် ဥက္ကဌဟောက်နဲ့ မဒမ်ဟောက်တို့က ရုတ်တရက် ရောက်လာကြတယ်။ သူတို့က သွမ်းသွမ်းကို တွေ့တာနဲ့ ရုတ်တရက် ပြေးလာပြီး သွမ်းသွမ်းကို ကန်ကျောက်လိုက်ကြတယ်။ ဟွားဟွားက ဒီမြင်ကွင်းကိုမြင်ပြီး သူမက မဒမ်ဟောက်ကို ကိုက်လိုက်တာပါ"
ဦးလေးကျန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် သူမမေးစေ့ကို အနည်းငယ် မော့ကာ ရှေ့က အရာအာလုံးကို ငုံ့ကြည့်နေသော ဟွားဟွားသည် ဦးလေးကျန်းကို လက်နောက်ပြန်ဖြင့် ပုတ်လိုက်သည်။ ဦးလေးကျန်းဟာ အလွန် အသုံးမကျတာလား ဒါမှမဟုတ် သူ ဒီလို ဟာသလုပ်မိလို့ စိတ်မပျော်မရွှင် ဖြစ်နေတာလား ဆိုတာကို သူမ မသိပေ။
မထင်မှတ် အရိုက်ခံရတယ်လို့ အဆိုခံလိုက်ရသည့် သွမ်းသွမ်း၊ "???"
ဦးလေးကျန်း၏ စကားကို ကြားသောအခါ စုယန်ယန်၏ မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။ သူမသည် သွမ်းသွမ်းကို ပင့်မြှောင်လိုက်ပြီး စိုးရိမ်ကြောင့်ကြစွာ မေးလိုက်သည်၊
"အကန်ခံလိုက်ရတာလား။ ဘယ်မှာလဲ။ အမေ့ကို ပြပါဦး"
ခွေးလေးသည် သူ့သခင်မက ဆော့ကစား နေတယ်လို့ တွေးမိတာကြောင့် အားနည်းဟန်ဆောင်ကာ သူ့သခင်မလက်ထဲ လဲကျသွားသည်။
သို့သော် စုယန်ယန်သည် သူ့လုပ်ရပ်ကြောင့် သေလုမတတ် ထိတ်လန့်သွားသည်။
"သွမ်းသွမ်း၊ ဘာဖြစ်သွားတာလဲ။ အမေ့ကို မခြောက်ပါနဲ့။ အမေ အခုပဲ မင်းကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်။ အဆင်ပြေသွားမှာပါ"
