Unicode
အခန်း (၁၉၀)
အသစ်စက်စက် မိခင်သရဖူ အတပ်ဆင် ခံလိုက်ရသည်ရှားကျွင်းရှန့်ဟာ မနေ့က ကုမ္ပဏီ အရေးကိစ္စတွေကို သူမဆီ အစီရင်ခံတဲ့ အခါမှာ ဒီအကြောင်းအား တင်ပြခဲ့ပါသည်။
ဝမ်ကျင့်ဖျင်သည် အင်တာနက်ပေါ်တွင် ပြဿနာရှာရန် ကြိုးပမ်းခဲ့ပြီး သူမကို သာလျှင် ထိခိုက် စေမိခဲ့ကြောင်း သူက ပြောပြခဲ့သည်။ သို့သော်လည်း သူမသည် ထိုကိစ္စတွင် နံရံကို ပြေးတိုက်မိသလို ဖြစ်ပွားခဲ့ကာ ထိုအဖြစ်အပျက်က သူမအား အပျက်သဘော ဆောင်စေသော အကျိုး သက်ရောက်မှုများ ဖြစ်စေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ အဆုံးသတ်၌ သူမသည် အစီအစဉ်ရှိုးရဲ့ ပရိုဂရမ်အဖွဲ့မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
တစ်ရက် အကြာတွင် ဝမ်ကျင့်ဖျင်သည် အခြားသူများ မသိသော ဆက်ဆံရေးများကို အသုံးပြုပြီး အရှုပ်အထွေး အချို့ကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်နိုင်ခဲ့ပြီး အစီအစဉ်ရှိုးသို့ ပြန်လည် ဖိတ်ကြား ခံခဲ့ရသည်။
နျဉ်ချီလွေ့က သူမ၏ ထောက်ပံ့ပေးသူ မဖြစ်လာတော့သည့် အတွက် သူမသည် အခြားသော အပိုပစ္စည်းများနှင့် ချိတ်ဆက်နိုင်ရန် အချိန် အလုံအလောက် မရှိတော့ပေ။
ယခုအချိန်တွင် ဟောက်ရှောက်ဖုန်း တစ်ဦးတည်းကသာ သူမကို ဒီစင်မြင့်ပေါ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိအောင် ကူညီပေးနိုင်သော တစ်ဦးတည်းသော သူဖြစ်ပုံရသည်။
[ဟုတ်ပါတယ်၊ မနေ့ညက၊ အမျိုးသမီး ဇာတ်လိုက်ဟာ အိပ်ရာပေါ် လဲလျောင်းကာ ဆေးကုသမှု ခံယူနေရသော အမျိုးသား ဇာတ်လိုက်ကို သွားရောက် ကြည့်ရှုဖို့ ရုပ်ဖျက်ပြီး ဟောက်မိသားစု အိမ်ထဲသို့ ဝင်ရောက် သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်သားဟာ စကားစမြည် ပြောဆိုပြီး နောက်မှာ ပြန်လည် သင့်မြတ် သွားခဲ့ကြပါတယ်။ ဒီနေ့မနက် စောစောမှာ အမျိုးသား ဇာတ်လိုက်ဟာ အမျိုးသမီး ဇာတ်လိုက်ကို အစီအစဉ်ရှိုးမှာ ပြန်လည် ပါဝင်ခွင့်ရရှိဖို့ ပရိုဂရမ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းမှ လူတစ်ဦးထံ ဆက်သွယ်ခဲ့ပါတယ်။]
စုယန်ယန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။
“ကမ္ဘာကြီးက အဓိက ဇာတ်ကောင်တွေ အပေါ်မှာ တကယ့်ကို မျက်နှာသာ ပေးနေတာပဲ။ ဟောက်မိသားစုရဲ့ လုံခြုံရေးက တင်းကျပ် လွန်းတယ်လို့ မဆိုသာဘူး။ ဟောက်ချီဟန်ရဲ့ မွေးနေ့ပါတီလို အရမ်းကြီးမားတဲ့ ပွဲမျိုးမှာ သူမ ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ သူမကို မှတ်မိသိရှိတဲ့သူ ရှိနေကြမှာပဲ။ သူမ ဘယ်လိုပဲ ရုပ်ဖျက် ထားပါစေ သူမရဲ့ မူရင်းရုပ် အမှန်ကို ပြောင်းလဲ လိုက်နိုင်ပါ့မလား။ သူတို့က ကလေး ကစားသလိုမျိုး အလွယ်တကူ ဝင်ခွင့်ပြုလိုက်တယ်ပေါ့လေ။]
