အခန်း (၂၂၁)
စားသောက်ဆိုင်တွင် တိုက်ရိုက် ထုတ်လွှင့်မှု စတင်ခြင်း
စုယန်ယန်သည် အသက်နှစ်ဆယ်ကျော် အရွယ် ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ နှစ်ယောက်သား ကြောက်လန့်တကြား ထခုန်ကာ ရှေ့သို့ ပြေးလာကြသည်။
စုယန်ယန်က သူတို့နှစ်ယောက်၏ တုံ့ပြန်မှုကို ကြည့်ကာ ပြုံးချင်ချင် ဖြစ်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ တို့ မင်းတို့ကို ဘာမှ မလုပ်ပါဘူး။ မင်းတို့နာမည် ဘယ်လိုခေါ်လဲ။ ကျေးဇူးပြုပြီး မင်းတို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါဦး"
နမူနာအဖြစ် ရုတ်တရက် ရွေးချယ်ခံလိုက်ရသည့် အတွက် သူတို့နှစ်ယောက်စလုံး အနည်းငယ် ရှက်ရွံ့ သွားကြသည်။
သို့ရာတွင် ကောင်လေးမှာ အတော်လေး တက်ကြွသည်။ သူက လည်ချောင်းရှင်းပြီး "ကျွန်တော့် နာမည်က ရှင်းဟန်လျန့်၊ အသက်က ၂၆ နှစ်ပါ။ ကျွန်တော်က ဥက္ကဌစုရဲ့ လက်ထောက်ပါ။ ကျွန်တော်က လက်မထပ် ရသေးတဲ့ လူလွတ်တစ်ယောက်ပါ" လို့ ကျယ်လောင်စွာ မိတ်ဆက်စကား ပြောဆိုခဲ့သည်။
"ဖူး..."
သူ၏ နောက်ဆုံး စကားနှစ်ခွန်းကို ကြားတော့ ရှင်းဟန်လျန့်၏ နောက်က လူများမှာ မျက်နှာတည်မထားနိုင်ပဲ မနေနိုင်စွာ ရယ်မော လိုက်မိသည်။
စုယန်ယန်သည်လည်း မရယ်ပဲ မနေနိုင်ပေ။ သူမက သူ့ပခုံးကို ပုတ်ပေးပြီး "ကောင်းပါပြီ။ ကျွန်မတို့စတိုးဆိုင်ရဲ့ ဖုန်းရွှေက ကောင်းမွန်ပြီး ကျွန်မတို့ စတိုးဆိုင်ဆီမှာ မိန်းကလေးတွေ အများကြီး ရှိတယ်။ လအနည်းငယ် အကြာလောက်မှာ နင် တစ်ကိုယ်ရေ ဘဝကို ချန်ထားနိုင်မယ့် အလားအလာ ရှိတယ်"
ရှင်းဟန်လျန့်သည် သူ့နောက်က လူများ၏ ရယ်မောခြင်းကို ဂရုမစိုက်ပဲ သူပါ ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် ရယ်မောမိသည်။
စုယန်ယန်က ပြုံးပြီး တခြား ကောင်မလေးဘက်သို့ လှည့်ကာ "မင်းအကြောင်းကိုရော ပြောပါဦး"