Part 277

896 81 0
                                    

အခန်း (၂၇၇)

သူတို့နဲ့ မထိုက်တန်ဘူး

"မနေ့ညက သခင်လေး ပြောခဲ့တဲ့ စကားတွေ ထွက်လာရင် ဟောက်ချီဟန်က သခင်လေးတို့ စုံတွဲကို ဒုက္ခပေးဖို့ တံခါးလာခေါက်လိမ့်မယ်"

ဟောက်ချန်ဟွမ်း၏ မျက်ဝန်းများမှာ အန္တရာယ်ကြီးဟန် မှေးကျဉ်းသွားသည်။ "သူက ငါနဲ့ ယန်ယန့်ကို ဒုက္ခပေးနေတုန်းဆိုရင် သူက လုံလောက်တဲ့ အခက်အခဲကို မကြုံရသေးလို့ နေမှာပေါ့"

ကျိုးယန်ပိုင်၏ မျက်ဝန်းများက မည်းနက်သွားသည်၊ "ဟောက်ချီဟန် အရင်က ဝယ်ခဲ့တဲ့ မြေကွက်မှာ မ‌တော်တဆမှု ဖြစ်လိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ဖြစ်သွားရင် ဟောက်ကော်ပိုရေးရှင်းကို ကြီးမားတဲ့ ဒုက္ခ ဆောင်ယူလာမှာကို ကျွန်တော် စိုးရိမ်တယ်..."

"အဆင်ပြေတယ်။ ဟောက်ချီဟန် နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့ ဟောက်ကော်ပိုရေးရှင်းက ငါ့အဖေ ချန်ထားခဲ့တဲ့ ဟောက်ကော်ပိုရေးရှင်း မဟုတ်‌တော့ဘူး"

ကျိုးယန်ပိုင်က မျက်မှောင်ကြုတ်ပြီး နှုတ်ဆိတ်နေခဲ့သည်။ ဟောက်ချန်ဟွမ်း၏ လက်ရှိပိုင်ဆိုင်မှုအရ ဟောက်ကော်ပိုရေးရှင်းသည် သူ့အာရုံကို ဆွဲ‌ဆောင်နိုင်ဖို့ကိုပင် မထိုက်တန်ပါ။

ဒါပေမယ့် ဤသို့ဆိုရင် ဟောက်ကော်ပိုရေးရှင်းကို ပြန်ရဖို့အတွက် ဘာဖြစ်လို့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတာလဲ။

ကျိုးယန်ပိုင်၏ စိတ်ကို ဖတ်မိလိုက်သည့် ဟောက်ချန်ဟွမ်းက လှောင်ရယ် ရယ်သွမ်းသည်၊ "ဘာပဲဖြစ်ဖြစ်၊ ဟောက်ကော်ပိုရေးရှင်းက ငါ့အဖေက ငါ့အတွက် ချန်ထားပေးခဲ့တာပဲ။ ဒါက သူတို့နဲ့ မထိုက်တန်ဘူး"

ဟောက်ချန်ဟွမ်းက မေးသည်၊ "အဲ့ဒီတုန်းက ငါ့မိဘတွေရဲ့ သေဆုံးမှုကို စုံစမ်းတာ ဘယ်လို အခြေအနေရှိလဲ"

ဟောက်ချန်ဟွမ်း၏ မေးခွန်းကို ကြားသောအခါတွင် သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှာ အပြစ်ရှိသည့် အရိပ်အယောင်တွေ ယှက်သန်းလာပြီး "အခင်းဖြစ်ပွားခဲ့တာ ကြာပြီ ဖြစ်လို့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူ အများစုက အဝေးကို ထွက်သွားတဲ့ သူတွေ ရှိသလို ဆုံးပါးသွားကြတဲ့ သူတွေလည်း ရှိတယ်။ ဒါ့ကြောင့် စုံစမ်းစစ်ဆေးဖို့က ကြန့်ကြာနေပါတယ်"

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now