Unicode
အခန်း (၁၆၈)
သူမ ဘေးကင်းစေမယ့် နည်းလမ်း တစ်ခုတည်းသာ ရွေးချယ်မည်အထူးသဖြင့် ကြက်ဥဌာပနာမုန့်နှင့် ကိတ်တွေကို မုန့်ဖုတ်သော အခါတွင် သူတို့၏ မွှေးရနံ့ဟာ အတော်လေး ပြင်းထန်သည်။ သူတို့ မွှေးရနံ့မှာ ဆယ်မိုင်အကွာသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်သည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။
ချိုမြိန်သော အစားအသောက်များကို မကြိုက်နှစ်သက်ကြသည့် အမျိုးသား အချို့ကသာ စားချင်စိတ်ကို ထိန်းသိမ်းနိုင်ကြသည်။ ဒီမွှေးရနံ့က အရမ်းမွှေးတယ်လို့ ထင်ကြပေမယ့် ရှက်စရာ ကောင်းလောက်အောင် ဣန္ဒြေမမဲ့သွားစေပါဘူး။အခြားတစ်ဖက်တွင်မူ ချိန်ရှုချင်နဲ့ ချင်ရွှယ်ရူတို့ကတော့ အမျိုးသားများလောက် ငြိမ်သက်ခြင်း မရှိပေ။ သူတို့သည် အမွှေးရနံ့ နောက်သို့ လိုက်ပါကာ မီးဖိုချောင်ထဲသို့ ရောက်ရှိလာပြီး စိတ်အား ထက်သန်စွာ မေးမြန်းလိုက်ကြသည်။
“ယန်ယန်၊ သမီး ဘာအရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက် မွှေးနေရတာလဲ။ မကြာခင် ချက်လို့ပြီးတော့မှာလား”
“ပြီးသွားပါပြီ။ ဒါတွေကို ကြက်ဥဌာပနာမုန့်လို့ ခေါ်တယ်။ ဒီမှာ ပူတုန်းလေး အရင် စားကြည့်လိုက်။ ကြက်ဥဌာပနာမုန့်ရဲ့ အပြင်လွှာက အေးသွားရင် ကြွပ်ကြွပ်လေး ဖြစ်တော့မှာ မဟုတ်ဘူး။ အမေ့အတွက် သမီး ကိတ်မုန့် အကြီးကြီး လုပ်ပေးထားတယ်၊ ပြီးကျမှ အဲ့တာကို သမီး ထုတ်လာပေးမယ်နော်”
ချိန်ရှုချင်သည် စုယန်ယန်ထံမှ ကြက်ဥဌာပနာမုန့် န်းကန်ကို ယူကာ ချင်ရွှယ်ရူထံသို့ ဝမ်းသာအားရ ယူသွားခဲ့သည်။
သူမ မီးဖိုချောင်ထဲက ထွက်လာသည်နှင့် သူမ ပါးစပ်ထဲသို့ မုန့်တစ်ခုလောက် မထည့်ပဲ မနေနိုင်ခဲ့ဘူး။ မုန့် အရသာက သူမ မျက်နှာပေါ်မှာ ကြည်နူး ပျော်ရွှင်နေသည့် အရိပ်အယောင် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
“အရမ်းအရသာရှိတာပဲ။ ယန်ယန့်မှာ ဒီလို အရည်အချင်းမျိုး ရှိတယ် ဆိုတာက အစောကတည်းက ငါသိခဲ့ရင် သူ့ကို စောစောစီးစီး လေ့လာဖို့ ခွင့်ပြုခဲ့မှာပဲ”
