Part 319

435 25 0
                                    

အခန်း (၃၁၉)

- အရမ်းမျက်နှာပြောင်လွန်းတယ်

စုယန်ယန်သည် စိတ်နှလုံးထိမိသွားပြီး ရယ်မောချင်သွားခဲ့သည်၊ "ဘယ်သူက ဆူပူကြိမ်းမောင်းချင်တာလဲ။"

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ မျက်နှာပေါ်ရှိ အပြုံးကိုကြည့်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်လာခဲ့သည်။ သူက မည်သည့် မှတ်ချက်ကိုမှ မပေးပါဘူး။

စုယန်ယန်သည် ဒီကိစ္စရပ်ကို သူမကိုယ်တိုင် ဖြေရှင်းပြီးလုနီးပါး ဖြစ်နေသောကြောင့် ဟောက်ချန်ဟွမ်းသည် သူမကို ဆက်မနှောင့်ယှက်တော့ပေ။

စုယန်ယန်မှာ ဆက်လက်လုပ်ကိုင်စရာ အလုပ်တွေ ရှိနေပါသေးသည်။ ဟောက်ချန်ဟွမ်းကို နှစ်သိမ့်ပေးပြီးနောက် သူမ ဖုန်းကိုချလိုက်သည်။

ဖုန်းချလိုက်ပြီး‌နောက် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ မည်းမှောင်သွားသည်။ သူက ကျိုးယန်ပိုင်ကို တိုက်ရိုက်အမိန့်ပေးခဲ့သည်။ "မင်း ပြင်ဆင်ထားတဲ့ သတင်းမူကြမ်းကို ဖြန့်ဝေနိုင်ပြီ။"

"ဘော့စ်ဆိုလိုတာ ဟောက်ကော်ပိုရေးရှင်းမှာ မြှုပ်နှံထားတဲ့ အရာတွေကို ပြောချင်တာလား။"

"အင်း"

"ကျွန်တော် နားလည်ပါပြီ။ နေ့လယ်မတိုင်မှီ၊ တရားဝင်မီဒီယာတွေရဲ့ အီးမေးလ်တွေအားလုံးမှာ မြေအောက်မှာ မြှုပ်နှံထားတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေအားလုံး လက်ခံရရှိကြပါလိမ့်မယ်။"

"ဒါ့အပြင်၊ ငါ့အဖေရဲ့ လက်အောက်ငယ်သားဟောင်းတွေကိုလည်း ဆက်သွယ်ပေးပါ။ ငါ သူတို့နဲ့ တွေ့ပြီး စကားပြောချင်နေတာ ကြာပြီ။"

ကျိုးယန်ပိုင်သည် တစ်ခဏတာမျှ အံ့အားသင့်သွားပြီး "ဘယ်အချိန်လောက် ချိန်းရင် အကောင်းဆုံးလို့ ဘော့စ်ထင်လဲ။" ဟု ဝမ်းသာအားရ မေးလိုက်သည်။

"မြန်လေ ကောင်းလေပဲ။"

"ကောင်းပါပြီ၊ ကျွန်တော် အမြန်ဆုံးဖြစ်အောင် စီစဥ်ပေးပါ့မယ်။"

ကျိုးယန်ပိုင်၏ လေသံတွင် ရွှင်လန်းမှုနှင့် စိတ်အားထက်သန်မှုက ဟောက်ချန်ဟွမ်းရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။ ဒီ "အပြင်လူများ" ပင်လျှင် ဟောက်ချီဟန်နှင့် သူ့မိသားစုက အေးစက်ပြီး အကျင့်ယုတ်တာကို မြင်နိုင်ကြသည်။ ၎င်းကို တွေးတောရာတွင် အနည်းငယ် ကမောက်ကမ ဖြစ်နေခဲ့သေးသည်။

အမျိုးသားဇာတ်လိုက်ဦးလေး (၂)Where stories live. Discover now