အခန်း ၂၄၇
ရုတ်တရက် ခေါင်းမွေး ပြောင်သွားသလိုပဲ
"ရပ်၊ ရပ်။ အန်ကယ်လေး၊ ဒီအကြောင်းကို ဆက်မပြောပါနဲ့တော့" စုယန်ယန်သည် ချိန်ကျွင်းဟောက်အား သနားစရာ ညှာတာမှုကို တောင်းခံနေသည့် ကြောင်ငယ်လေးလို အသနား ခံနေဟန် ကြည့်နေခဲ့သည်။
ချိန်ကျွင်းဟောက်သည် မွန်းကျပ်သွားပြီး နောက်ဆုံး၌ ဒီအကြောင်းအရာကို ဆက်မပြောတော့ပဲ အေးစက်စွာ နှာမှုတ်လိုက်သည်။
စုယန်ယန် တစ်ယောက် သက်ပြင်းမော ချကာ ဟောက်ချန်ဟွမ်းကို လှည့်ကြည့် လိုက်သည်။ "အန်ကယ်လေး၊ အရှေ့မှာ ဧည့်သည်တွေ အများကြီး ရှိနေတယ်။ သူတို့ကို စောင့်ကြည့်ဖို့ လူ မလိုဘူးလားဟင်၊ ဒီမှာ သမီးလည်း ရှိနေတာပဲ"
ချိန်ကျွင်းဟောက် တစ်ယောက် ဒေါသထွက်လွန်းလို့ ရယ်မော မိလုမတတ် ဖြစ်သွားခဲ့သည်။ သူ့ရဲ့ ခက်ခက်ခဲခဲ မျိုသိပ် ထားလိုက်ရတဲ့ ဒေါသတွေက အထက်သို့ ပြန်ဆန်တက် လာခဲ့သည်။ သူက နှာမှုတ်ပြီး "ရှေ့မှာ လူတွေ အများကြီး ရှိနေတာပဲ။ ဘာဖြစ်လို့ သူတို့ကို အချိန်တိုင်း မျက်စိဒေါက်ထောက် ကြည့်နေရမှာလဲ။ တစ်ဖက်မှာတော့၊ နင်တို့နှစ်ယောက်က... ဘာဖြစ်လို့ ငါ့ကို အဝေးလွှတ်ဖို့ အရမ်း စိတ်အား တက်ကြွနေရတာလဲ။ နင် ဘာလိုချင်လို့လဲ"
စုယန်ယန်က သူမ အန်ကယ်လေး၏ မျက်နှာအမူအရာကို မြင်သည်။ "ငါက မင်း ရည်ရွယ်ချက်တွေကို မြင်နေရတယ်။ မင်း ကောင်းကောင်း နေသင့်တယ်" သူ့နှုတ်ခမ်းထောင့်စွန်းတွေက မဲ့ကျသွားကာ ကူကယ်ရာမဲ့စွာ ဆိုလိုက်မိသည်။
"အန်ကယ်လေး၊ အန်ကယ်လေး အတွေးလွန် နေတာပါဆို။ ရှေ့မှာ လူတွေ အများကြီး ကျမှာကို သမီး စိုးရိမ်တယ်။ ဒီနေ့က သမီးတို့ စားသောက်ဆိုင်ရဲ့ ပထမဆုံး ဖွင့်ပွဲနေ့လေ။ လီခေါင်းဆောင်နဲ့ တခြားသူတွေမှာ အတွေ့အကြုံ မရှိဘူး။ တကယ်လို့ တစ်ခုခု ဖြစ်ပျက်ခဲ့ရင်၊ သူတို့တွေ အန်ကယ်လေးလောက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး"
ချိန်ကျွင်းဟောက်က တစ်ခုခု ပြောချင်နေသေးပေမယ့် ဟောက်ချန်ဟွမ်းက စုယန်ယန၏ လက်ကို ဦးစွာ ဆုပ်ကိုင်ထားနှင့်ပြီး ရှေ့သို့ လှမ်းဖို့ အစပြုခဲ့သည်။ "ရပါတယ်။ မင်းဆိုင်မှာ လူတွေ အရမ်း များနေတယ်။ တစ်ခုခု ဖြစ်ပျက်ခဲ့ရင် မင်းနဲ့ မင်းအန်ကယ်တို့ကို သေချာပေါက် အကြောင်းကြား ကြလိမ့်မယ်။ ဒါက ကိုယ် မင်းအန်ကယ်လေးနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ကိုယ်တို့ ထမင်းအတူ စားရင်း စကားစမြည် ပြောဆိုကြရအောင်"