အခန်း (၂၉၀) - ဟောက်မိသားစုထဲ ဝင်ရောက်နိုင်ဖို့ နည်းနည်းလေးတောင် မစဥ်းစားပါနဲ့။
ဝမ်ကျင့်ဖျင်နှင့် ဟောက်ရှောက်ဖုန်းတို့သည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူတို့သည် ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေသော မစ္စဟောက်၏ မျက်နှာကို လှည်ကြည့်လိုက်ပြီး သူတို့နှစ်ဦးစလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။
"အမေ၊ ပြန်လာပြီလား။" ဟောက်ရှောက်ဖုန်းသည် မစ္စဟောက်၏ နောက်ကျောသို့ လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ "အဖေက ဘာဖြစ်လို့ အမေနဲ့အတူ ပြန်မပါလာတာလဲ။ အမေနဲ့အတူ ပါသွားတာ မဟုတ်ဘူးလား အဲ့ဒီကို..."
"နင် ဘာကို လိုက်ရှာနေတာလဲ။ သူတို့ကို ဘာအတွက် သွားရှာရမှာလဲ။" ဒီနေ့မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို ပြန်တွေးရင်း မစ္စဟောက်တစ်ယောက် မီးနဂါးကဲ့သို့ ဒေါသမီးလောင်မြိုက်လာခဲ့ပြန်သည်။ လူတိုင်းက သူမအပေါ် တံတွေးထွေးနေချင်ကြသည်။
"မနေ့က နင့်အဖေနဲ့ငါ နင့်ကို ဘာပြောခဲ့လဲ။ နင့်ဦးလေးက စုမိန်းကလေးနဲ့ လက်ထပ်တယ်။ သူတို့က အမြင်ကျဥ်းတာကြောင့် ငါတို့ကို ဖိတ်စာ မပို့ခဲ့ဘူး။ နင် သူတို့မင်္ဂလာဆောင်ကို သွားမယ် ဆိုရင်လည်း ရိုးရိုးသားသား တက်ရောက်သင့်တယ်။ အဲ့တာဆို အပြင်လူတွေက နင့်ကို တည်ငြိမ်ပြီး ထောက်ထားစာနာတတ်တယ်လို့ ချီးကျူးကြလိမ့်မယ်။ နင် မင်္ဂလာပွဲကနေ ပြန်လာတဲ့အခါ နင့်အဖေက ဒီအကြောင်းကို လူသိရှင်ကြားဖြစ်အောင် ပြောပြီး နင်နဲ့ စုမိသားစုတို့ကြားက လမ်းခွဲ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောင်းပြန်ဖြစ်အောင် ပြောခဲ့နိုင်လိမ့်မယ်။ နင်ကတောင် အဲ့ဒီအပြစ်တွေကို ဟောက်ချန်ဟွမ်းနဲ့ စုမိသားစုအပေါ် ညစ်ပတ်တဲ့ရေနဲ့ ပြန်လောင်းနိုင်လိမ့်မယ်။"
ထိုသို့ပြောနေရင်း မစ္စဟောက်ရဲ့ အသံဟာ ရုတ်တရတ် စူးရှကျယ်လောင်ခဲ့သည်။ "အဆုံးမှာ ဘာဖြစ်သွားခဲ့လဲ။ နင် ဘာလုပ်ခဲ့တာလဲ။ နင် ဒီမိန်းမကို နင်နဲ့အတူ တကယ်ခေါ်သွားခဲ့တာလား။ နင့်ဦးနှောက် တကယ်ပဲ မရှိတော့တာလား ဒါမှမဟုတ် နင် ပင်လယ်ထဲမကျခင်ကတည်းက နင့်ဦးနှောက်ထဲမှာ ရေတွေပဲ ရှိနေတာလား။"
