အခန်း (၃၁၃)
– မင်း မသိဘူးလား။
"ဘာပဲဖြစ်ဖြစ်၊ ဒါက တို့ကုမ္ပဏီရဲ့ အတွင်းရေးပါ။ ပတ်သက်သူက ဘာမှ မပြောဘဲ ရှင်တို့က ဘာဖြစ်လို့ ပြဿနာရှာနေရတာလဲ။" စုယန်ယန်က ဟောက်ရှောက်ဖုန်းကို လှောင်ပြောင်သောအကြည့်ဖြင့် လှည့်ကြည့်ကာ သနားချင်ယောင်ဟန်လုပ်ပြုံးပြလိုက်ပြီး "ဒါမှမဟုတ် ရှင်က တို့ကုမ္ပဏီက မဟုတ်ပေမယ့် တို့ဝန်ထမ်းအားလုံးကို ကိုယ်စားပြုချင်တာလား။ သူတို့က ရှင့်ကို ကိုယ်စားပြုပြောဆိုပေးဖို့ ဆန္ဒရှိရဲ့လားလို့ သူတို့ကို ဘာဖြစ်လို့ မမေးတာလဲ။"
"ငါ..." ဟောက်ရှောက်ဖုန်း ကြက်သေ သေသွားသည်။
အဲဒီအခါမှပဲ စုယန်ယန် ခေါ်ဆိုလိုက်သော မိန်းကလေးအပြင် ပြဇာတ်ကြည့်ရန် ပြေးလာသော အခြားသော ဝန်ထမ်းတွေကိုပါ သတိထားမိခဲ့သည်။ သူတို့အားလုံးကို သူ့ကို သူတို့ရဲ့ကိုယ်စားပြုအဖြစ် မဖြစ်စေချင်ကြပဲ သူ့ကို အထင်သေးရှုတ်ချတဲ့ အကြည့်တွေဖြင့်သာ သူ့ကို စိုက်ကြည့်နေခဲ့ကြသည်။
စုယန်ယန်သည် ဒီလူမိုက်နှင့် ငြင်းခုံရန် စိတ်မဝင်စားတော့ပေ။ သူမသည် အနည်းငယ် မျက်နှာဖြူဖျော့နေသော ဝမ်ကျင့်ဖျင်ဖက်သို့ လှည့်လိုက်သည်၊ "ပြီးတော့ မိန်းကလေးဝမ်၊ ရှင်က တို့ကို တောင်းပန်ပါတယ်လို့ ပြောခဲ့တယ်နော်။ တို့ အရမ်းသိချင်စိတ်ဖြစ်မိတယ်၊ ရှင်က တို့ကို ဘာအတွက် တောင်းပန်ချင်တာလဲ။ လာပါ၊ လာပါ၊ လာပါ၊ ရှင် ပြောကြည့်ပါဦး။ တို့တွေအားလုံး အတူတူ နားထောင်ကြရအောင်။"
ဝမ်ကျင့်ဖျင်က အဝေးသို့ အကြည့်ပို့လိုက်ပြီး "ကျွန်မ... ဒါက အရေးမကြီးပါဘူး၊ ဒါတွေက အတိတ်တွေ ဖြစ်သွားခဲ့ပါပြီ။" လို့ ပြောလိုက်သည်။
သူမပြောတာကိုပဲ ကြည့်လိုက်ပါ။ ဒါကို မသိတဲ့သူတွေက သူမကို နစ်နာသူလို့တောင် ထင်ကောင်းထင်ကြလိမ့်မည်။
သူမသည် အဓိက တရားခံ ဖြစ်သည်။ ဒီအရာတွေက အရေးမကြီးတော့ပါဘူး၊ ဒါတွေ အတိတ်တွေပါပဲလို့ သူမက ဘာဖြစ်လို့ ပြောရဲရတာလဲ။
စုယန်ယန်က အေးစက်စွာ လှောင်ရယ် ရယ်သွမ်းလိုက်သည်၊ "ဒါဆိုရင် ဘာက အရေးကြီးတယ်လို့ ရှင်ထင်လဲ။"