ခေါက်ပြီးသွားသည့်အဆောင်လေးမှာ ချွန်ချွန်လေးဖြစ်သွား၏။
ထို့နောက် အစွန်လေးကို သူမပါးစပ်ဖြင့် ၂ ခါမျှစုပ်လိုက်ပြီးနောက် သူမနှင့်ကျန်းယွမ်ယွမ်ကြား သစ်သားပြားထဲသို့ထိုးထည့်လိုက်၏။
ကိစ္စတစ်ခုတွင် အမြဲတမ်းထွက်ပေါက်တစ်ခုရှိလေသည်။
သူမ၏စမ်းသပ်မှုက အလုပ်ဖြစ်သွားသည်။
သရဲများမှာ ပင်ကိုအားဖြင့် အဆောင်ကဲ့သို့အရာများကို မကြိုက်ကြပေ။လုံခြုံရေးအဆောင်က အကာအကွယ်ပေးခြင်းမဟုတ်သော်လည်း သရဲများကို ဤနေရာသို့မလာစေရန် မသိမသာဖန်တီးပေးလေသည်။
သစ်သားကိုလက်သည်းဖြင့်ခြစ်မိသည့်အသံများက တစ်ဖြည်းဖြည်းလျော့နည်းသွား၏။
ဖူအန်မှာ သက်သာရာရပြီး သက်ပြင်းတစ်ချက်ချမိလိုက်သည်။
သို့သော်လည်း ဤသည်က လုံခြုံသည်ဟုပြောမရသေးပေ။စာသင်ခန်း၏အပြင်ဖက်တွင် ကလေးငယ်များ၏အပြစ်ကင်းပြီးချစ်စရာကောင်းသည့်အသံများက ဆက်တိုက်ပျံ့လွှင့်လာသည်။
“တီချယ်ဖူ…………..ဘယ်မှာလဲ?....................ကျွန်တော်တို့ရှာမတွေ့ဘူး”
“ဝါး……………….တီချယ်ကျန်း………………..မကြာခင်ကစားဖို့ထွက်လာမှာလား”
ကလေးများ၏အသံသာမဟုတ်သေးပေ။ သူတို့မှာ သေဆုံးသွားပြီဖြစ်သောလူများ၏အသံများကိုပါ တုပနေသည်။
“ဒါ……………ကျန်းယွမ်ယွမ်နဲ့ဖူအန်………….အပြင်ဖက်က ဒီအရာတွေ ပျောက်သွားပြီ…………အမြန်ထွက်ခဲ့ကြတော့……”
ထိုသည်မှာ ရှုံးခွင်း၏အသံပင်။
“မင်းတို့ရဲ့လေ့ကျင့်ရေးကာလက ပြီးဆုံးသွားပြီ……………….မင်းတို့ပစ္စည်းတွေသိမ်းပြီး ပြန်လို့ရပြီ………..မင်းတို့တွေက ငါတို့မူလတန်းကျောင်းမှာ ပုန်းနေပြီး ထမင်းအလကားစားချင်နေကြတာမလား?..........”
ထိုသည်မှာ ကျန်းမင်၏အသံပင်။
“ကျန်းယွမ်ယွမ်……………..ဖူအန်……………နင်တို့တကယ်ပဲ မထွက်ကြတော့ဘူးပေါ့?.............
မစားမသောက်ပဲလေ…………….
