Episode 3

574 39 1
                                    

Uni

"ဪ သား ပိုင်ဥာဏ်။ လာ လာ"

ဆရာမက အခန်းဝနားမှာ မတ်တပ်ရပ်နေတာဖြစ်သည်။ အဝေးမှ လျှောက်လာသော ပိုင်ဥာဏ်တို့ကို မြင်သည်နှင့် ချက်ချင်း လှမ်းခေါ်လိုက်ကာ အနားရောက်လာသည်နှင့်

"သား အထုတ်တွေ လာယူတာနော်။ အေး ရွှေအိုးလေးတို့နဲ့ တူတူသယ်ကြ။ ပြီးရင်အဆောင်ဆီသွားမယ်နော် ဆရာမ နေရာလိုက်ကြည့်ပေးမယ်"

"ဟုတ်ကဲ့ ဆရာမ"

သုံးယောက်သား ပြိုင်တူ သဘောတူလိုက်ကြပြီးနောက် အထုတ်တွေကို မ,ကာ ယောကျ်ားလေးအဆောင်ဆီ သွားရသည်။ နေသည် ခြစ်ခြစ်တောက်တောက်ပူလျက်ရှိသည်။ အရိပ်ရအပင်တွေသာ မရှိခဲ့လျှင် အထုတ်အပိုးတွေနှင့် သူတို့သုံးယောက်မှာ သက်သာမည့်ပုံမရှိ။

"အထုတ်တွေကို အဲ့မှာခဏချထားကြ သားတို့။ လာ သားပိုင်ဥာဏ် ဆရာမ ဘယ်အခန်းလွတ်သေးလဲ အရင်လိုက်ကြည့်ပေးမယ်နော်"

"ဟုတ် ဆရာမ"

ပိုင်ဥာဏ်က ခပ်သွက်သွက်ဖြေလိုက်ရင်း ဆရာမနှင့်အတူ ကော်ရစ်တာဆီလိုက်ပါသွားသည်။ ခန့်မင်းကျော်နှင့် လိုတသာ လှေကားထိပ်ဆုံးနားမှာ အထုတ်အပိုးတွေနှင့် မတ်တပ်ရပ်လျက်သား ကျန်ရစ်၏။

"ခန့်မင်း ပိုင်ဥာဏ်က တကယ်ငါတို့အခန်းထဲကျမှာ ဖြစ်နိုင်လို့လား။ တစ်ခန်းလေးယောက်ပဲဆို? ငါတို့ဆီမှာ လေးယောက်ပြည့်ပြီလေ။ ဇော်မြတ်ရယ် မင်းရယ် ငါရယ် လွင်ဟိန်းရယ်။ ဘယ်မှာ နေရာရှိတော့လို့လဲ"

"အေးကွ အမှန်ဆိုရင် ကျောင်းက အခုလို ရက်လွန်ပြီးမှ ရောက်လာတာတွေကို လက်ခံတယ်လို့ ငါတော့ တစ်ခါမှမကြားဖူးဘူး။ သူ့အဖေအမေတွေက ဘာလုပ်လဲမှ မသိတာ"

ခန့်မင်းကျော်က သူ့ကိုယ်ပိုင်နားကြပ်လေးကို ထုတ်၍ နားတစ်ဖက်မှာ ချိတ်လိုက်ရင်းသား ဆို၏။ လိုတရလည်း ခေါင်းညိတ်မိသည်။ မှန်သည်။ ကျောင်းသားအရေအတွက်နဲ့ အခန်းအရေအတွက်က အကိုက်လုပ်ထားတာမို့ ကျောင်းသားအပိုအလျှံထားလို့မရ။ သို့သော် ယခုတော့ ပိုင်ဥာဏ်က ဒီကို ရောက်လာလေပြီ။

"မင်းက ဘာတွေစိုးရိမ်နေတာလဲကွာ အတူတူနေရင်လည်း နေလိုက်ရုံပေါ့"

Love Like Heaven (Completed)Where stories live. Discover now