Episode 113

156 15 10
                                    

Uni

ပါးစပ်ထဲသို့ သွားပွတ်တံကို ထိုးထည့်လိုက်ရင်း အပေါ်အောက် ပွတ်တိုက်နေလိုက်သည်။ ရက်သတ္တပတ်ရဲ့ နားရက်ထဲက နေ့တစ်နေ့မို့ ဒီနေ့မှာ သူ အလုပ်သွားစရာ မလိုပေ။ အပြင်ဘက်က ရာသီဥတုက ခပ်မှိုင်းမှိုင်းရှိလှသည်။ သူ့ အိပ်ချင်စိတ်တွေလည်း စက္ကန့်နဲ့အမျှ တိုးပွားနေသည်သာ။

"ဝရုန်း"

အိမ်ရှေ့ခန်းဘက်မှ အသံကြားသည်မို့ လိုတ သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ကော်ရစ်တာကို ဖြတ်သန်းပြီး ဧည့်ခန်းဆီ ခြေချမိသည်နှင့် အစီအရီထုပ်ပိုးထားသော အထုပ်အပိုး ခပ်စုစုကို တွေ့ရသည်။ ခုနက အသံကလည်း ထုပ်ပိုးနေရင်း မတော်တဆဖြစ်သွားသည့် အသံသာ။ အထုပ်ပင်လယ်ကြီးအလယ်၌ ခန့်မင်းကျော်က ငုပ်တုပ်ထိုင်နေကာ တိပ်တွေ၊ ကြိုးတွေနှင့် ရန်ဖြစ်နေသည်။

လိုတ သွားပွတ်တံကို လက်ချောင်းဖျားလေးနှင့် ထိန်းကိုင်ရင်း မျက်မှောင်ကျုံ့မိသည်။

"ဘာတွေလုပ်နေတာလဲ"

"ဟော် ငါ အိမ်ပြန်မလို့လေ။ ကားလက်မှတ်က ဖြတ်ပြီးပြီ ဒီနေ့ညနေ သွားရတော့မှာ။ ဝှူး မောလိုက်တာကွာ"

ခန့်မင်းကျော်က သူ၏ ကလန်ကလား အရပ်ရှည်ကြီးကို ဆန့်တန်းကာ ခါးကို နှိပ်နယ်နေသည်။ ပြီးနောက် အနီးရှိ နေရာကွက်လပ်တစ်ခုတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ

"ဟိုရောက်ရင်လည်းကွာ တန်းနားရမှာမဟုတ်ဘူး။ နေရာကို ပြင်ရဆင်ရဦးမှာ။ တကယ်ပါပဲ ငါလည်း ဘယ်တော့မှ နားရမယ် မသိဘူး"

မျက်လုံးကို ပွတ်သပ်ရင်း ပြောလာသော ခန့်မင်းကျော်က အိပ်ရေးမဝသည့်ပုံပင်။ လိုတ ပါးစပ်ထဲမှ သွားပွတ်တံကို ဆွဲထုတ်မိသွားသည်။

"နားချင်ရင်နားပေါ့။ ဘယ်သူက မင်းကို ရောက်ရောက်ချင်း ဆိုင်ခန်းပြင်ခိုင်းလို့လဲ။ ကိုယ့်အိမ်မှာပဲ ဖွဲ့ထားတာပဲကို အေးဆေးလုပ်တော့ ဘယ်သူက တရားစွဲမှာလဲ"

ခန့်မင်းကျော်တို့အိမ်က မြို့လယ်နားမှာဖြစ်၍ အချက်အချာကျသော နေရာတွင်ရှိသည်။ ခန့်မင်းကျော်အမေက သူ့သား ဓာတ်ပုံဆိုင်ထောင်မည်ဆိုတော့ အားတက်သရောနှင့် အိမ်ရှေ့ခန်းကို ဆိုင်ခန်းလို ဖွဲ့ပေးလာသည်။ လိုအပ်သည့် ပစ္စည်းကိရိယာအတွက် ငွေအရင်းအနှီးကလည်း ပူစရာမလို။ သူ့အဖေ တစ်ယောက်လုံးရှိသေးသည်။ လိုတရအတွေးတွင်တော့ ကိုယ့်အိမ်မှာလုပ်သည့် စီးပွားရေးပဲမို့ သက်သက်သာသာရှိမည်ဟု ယူဆထားသည်။ ဒါကို ခန့်မင်းကျော်က ဘာတွေအလျင်လိုနေမှန်းမသိ။

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora