Episode 48

163 15 0
                                    

Uni

ရင်ခုန်သည်။ စကားဖြင့်ပြောရလျှင်တော့ ထိုသို့သာ လွယ်လွယ်ပြောရပေမည်။ တကယ်တမ်းပြောရလျှင် သူ့ခံစားချက်တွေက ရင်ဘတ်အတွင်းရှိ နှလုံးဆိုသည့်အင်္ဂါကြီးကို သွားသွားရိုက်မိနေတာမျိုး။ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲကို တစ်နေရာရာက လေတွေဝင်လာပြီး နှလုံးကို ဝုန်းခနဲ တိုက်ခတ်သွားတာမျိုး။ နောက်တစ်မျိုးပြောရရင် နှလုံးအငြိမ့်ကနေတာမျိုးပေါ့။ သူ ဂဏှာ မငြိမ်နိုင်ပါ။ သူ အငြိမ်ကို မနေနိုင်။

မြောက်ကြွမြောက်ကြွလုပ်ကာ ရည်မွန်တို့ကို စောင့်နေရင်းမှ သူ့အတွေးတွေက အတိတ်သို့အလည်သွား၏။ နှစ်ပတ်... ထိုနှစ်ပတ်ဆိုသော ကာလအတွင်း၌ သိမ့်နဲ့သူ အတော်လေးရင်းနှီးခဲ့ကြပါ၏။ သူငယ်ချင်းဆိုသော စည်းလေးကို အလယ်မှာချလို့ ဟိုဘက်ဒီဘက် နှစ်ယောက်သားဟာ ဘယ်နေရာသွားသွား အတူတူရှိခဲ့ကြသည်။ အပါးတော်မြဲလေးသူ့ကို တခြားကောင်တွေ သိပ်မကြည်ကြပေမဲ့ သူကတော့ ဂရုမစိုက်ခဲ့။ သိမ့်နဲ့သူ အဆင်ပြေနေသ၍ ဘယ်သူဘယ်ဝါကိုမှ သူဂရုစိုက်မှာမဟုတ်။

ဒီအတောအတွင်း သိမ့်အကြောင်းကို သူသေချာသိခဲ့ရသလို သိမ့်ကိုလည်း သူ့အကြောင်း သေချာပြောပြခဲ့သည်။ ခဏတာတွဲမည့်လက်တွေ မဟုတ်သည်မို့ သူ့ကောင်းခြင်းဆိုးခြင်းအကုန်လုံးကို သိမ့်ကို အစီရင်ခံသည်။ သိမ့်ဘက်ကလည်း ဒီလိုပဲ ရှိခဲ့သည်။ ယနေ့... ကျူတိုရီရယ်နောက်ဆုံးနေ့။ သိမ့်ချိန်းထားသည့်နေ့။ တစ်နည်းပြောရလျှင် အဖြေပေးမည့်နေ့။

ထိုသို့တွေးလိုက်ရလျှင် နှလုံးထဲ လေဝင်သလို ရွစိရွစိဖြစ်လာရသည့် စိတ်တွေက အစိုးမရနိုင်ပါ။ နှလုံးအိမ်သည် တဒုန်းဒုန်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကဏှာမငြိမ်အောင် ပြုစားသည်။ လက်ဖျားခြေဖျားတို့သည် အေးစက်တောင့်တင်းလို့။

"ဟျောင့် လိုတ ဘယ်လိုနေလဲ"

"ငါရင်ခုန်လို့ သေတော့မယ် ရည်မွန်ရေ... သက်လျာ လုပ်ပါဦး မှန်လေးဘာလေးထုတ်ပါဦး။ ငါ့မျက်နှာဘယ်လိုနေလဲဟင်"

တစ်သက်နဲ့တစ်ကိုယ် သက်လျာဆီမှ မိတ်ကပ်ပြင် မှန်ဝိုင်းလေးတောင်းကြည့်ပြီး အလှပြင်ရလိမ့်မယ်လို့ ထင်မထားပါ။ အချစ်ကြောင့်ပဲ အရာအားလုံးဟာ ကမောက်ကမတွေ ဖြစ်ကုန်ကြရသည်။ လိုတရမှာ ခြေတုန်လက်တုန်နဲ့ ဘာကိုမှလည်း သေသေချာချာ မလုပ်နိုင်။

Love Like Heaven (Completed)Where stories live. Discover now