Episode 43

170 19 0
                                    

Uni

"လာ ငါနင်တို့ကို စောင့်နေတာ"

လိုတရက အဆောင်ဧည့်ခန်းမှာထိုင်ရင်း ဝမ်းသာအားရကြိုဆို၏။ ရည်မွန်နှင့် သက်လျာတို့ အထဲသို့ မဝံ့မရဲဝင်ထိုင်လိုက်ကြသည်။ လိုတရဖိတ်လို့သာ ဝင်ထိုင်ရဲပေမဲ့ ဒီအထဲတော့ တစ်ခါမှ မရောက်ဖူးသေး။ ထိုစဉ် မီးဖိုချောင်ဘက်မှ မိန်းမကြီးတစ်ယောက်၏ အသံကြားလိုက်ရသည်။

"လိုတရေ သား သူငယ်ချင်းတွေလား"

"ဟုတ်တယ် အန်တီ"

လိုတရက ပြန်ဖြေသည်။ မီးဖိုချောင်အဝမှာ မိန်းမကြီးတစ်ယောက် ထွက်လာကာ သူတို့ဆီ လှည့်ပြုံးပြတာကို မြင်လိုက်ရသည်။

"သားတို့က ကျောင်းမသွားဘူးလား"

"ဒီမနက် တီချယ်နေမကောင်းလို့ပါ အဲ့တာနဲ့ ဒီရောက်နေတာ အန်တီ"

"ဪ အေးအေး။ ပြီးရင် ကျောင်းပြန်တက်ကြနော်။ အတန်းမလစ်ကြနဲ့"

"ဟုတ်ကဲ့ အန်တီ"

သုံးယောက်သား အိမ်ပိုင်ရှင်အန်တီကြီးကို 'ဟုတ်ကဲ့'လုပ်လိုက်ပြီးနောက် ဇက်ကလေးတွေ ပုဝင်သွားကြသည်။ လိမ်လိုက်ရပြီဆိုသောအသိကြောင့် ရင်ဘတ်ထဲမှာ ဘယ်လိုမှ နေလို့မကောင်း။ သက်လျာက လိုတရလက်ကို ဖျန်းခနဲရိုက်ကာ ခပ်တိုးတိုးညည်း၏။

"နင့်ကိုပြောသားပဲ။ အဲ့တာကြောင့် ဆိုင်မှာပဲတွေ့ကြမယ်ဆိုနေ"

"ဘာဖြစ်လဲ ငါသာဆိုင်မှာဆို ဒါတွေ နင်မကြည့်လိုက်ရဘဲ နေမှာပေါ့"

"ဘာတွေလဲ"

သက်လျာက စိတ်ဝင်တစားမေးသည်။ ရည်မွန်ကတော့ မနေ့ကတည်းက သိထားပြီးသားမို့ နောက်မှာရပ်ရင်း ပြုံးနေသည်။

"အဲ့မှာကြည့်လေ"

လိုတရက ကြွပ်ကြွပ်အိတ်အထုတ်ကြီးတစ်ထုတ်ကို ပေးလာသည်။ အထုတ်ထဲမှာက ဘူးလှလှလေးငါးခုရှိသည်။ ပါကင်ပိတ်ထားတာတော့ မဟုတ်ပေမဲ့ ဘေးမှာ ပါကင်ပိတ်ဖို့ စက္ကူလိပ်တွေနှင့် တိပ်တွေ အသင့်ပါပြီးသားဖြစ်သည်။ သက်လျာ ပထမဆုံးဘူးကို ဖွင့်ကြည့်လိုက်သည်။ စာရွက်လေးတစ်ရွက်ကို အရင်တွေ့ရသည်။ စာရွက်သည် နှင်းဆီပန်းရိပ်တွေပါသော စက္ကူဖြူဖြူလေးဖြစ်သည်။ အကောင်းစား စက္ကူဆိုလည်း မမှား။ ထိုစက္ကူတစ်ခုလုံးမှာမှ ရေးထားသည့် စာကြောင်းက သုံးကြောင်းတည်း။

Love Like Heaven (Completed)Where stories live. Discover now