Episode 102

172 18 1
                                    

Uni

ကားထဲမှ ထွက်ကာ အရှေ့က မိုးမျှော်တိုက်ကြီးကို မော့ကြည့်လိုက်သည်။ အသစ်မဟုတ်သော်ငြား အဆောက်အဦးတစ်ခုလုံးက ရှိန်ချင်စရာ။ ငါးထပ်တိုက်၏ ဟိုးထိပ်ဆုံး၌ ခန့်ခန့်ညားညားရေးထားသော HOME Company Lid.,ဟူသော စကားလုံးကြီးများက အောက်ရှိ သေးငယ်သောလူသားလေးဖြစ်သည့် လိုတရကို ငုံ့ကြည့်နေသယောင်။

လက်ထဲက ဖိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်မိရင်း အပေါက်ဝဆီပဲ ဦးတည်မိသည်။ ရင်အစုံက လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသော်ငြား ခြေထောက်တွေက ရဲရဲဝံ့ဝံ့ပင် ထိုအထဲသို့ ဝင်သွားလိုက်သည်။

"အစ်မ ဟိုလေ အလုပ်အင်တာဗျူးက..."

"ဪ မောင်လေး အဲ့တာပထမထပ်မှာနော်။ ဓာတ်လှေကားကနေ တက်သွားလိုက်"

"ဟုတ်ကဲ့ပါဗျ"

လမ်းညွှန်ပေးသည့်အစ်မကြီးကို ပြုံးပြုံးရွှင်ရွှင် ဦးညွတ်ပြရင်း ထွက်လာခဲ့တော့ အနောက်မှာ တိုးတိုးကြိတ်ကြိတ်အော်သံတွေ ညံသွားသည်။

"ချောလိုက်တာဟယ်"

"အမလေးလေး တစ်နေ့လုံး ဒါမျိုးလေးတွေ မတွေ့ရဘူးလို့ထင်တာ။ ငါ ဘုရားရှိခိုးလာတာ တကယ်မှန်တာပဲ။ ဒါကြောင့် လူကြီးသူမတွေက ဘုရားတရားလုပ်ခိုင်းတာနေမှာ"

"ဟဲ့ ဟဲ့ လာလာ သူ အလုပ်ရပါစေ ဆုတောင်းရမယ်။ ဒါမှ ငါတို့ တစ်ချိန်လုံးကြည့်လို့ရမှာ"

ပွစိပွစိအသံတွေက ဓာတ်လှေကားထဲမဝင်ခင်အထိ လှိုက်တက်လာသည်။ လိုတရ တစ်ယောက်တည်းရှိနေမှ ရှက်ပြုံးလေးပြုံးလိုက်ရင်း ဓာတ်လှေကားထဲ ဝင်လိုက်ရသည်။ ထိုအစ်မကြီးတွေပြောသလို တကယ်ပဲ သူ အလုပ်ရသွားရင် ကောင်းလိမ့်မည်။

ဓာတ်လှေကားက ပထမထပ်သို့ လျှင်လျှင်မြန်မြန် တက်သွားသည်။ ပထမထပ်ကိုရောက်တော့ နေရာသိပ်မရှာလိုက်ရပါ။ ခုံတန်းတွေစီတန်းထားပြီး လူတချို့ထိုင်နေကြသည့် မြင်ကွင်းက ဘာဆိုတာ မေးနေစရာကို မလို။

အစောကြီးလာခဲ့တာတောင် သူ့လို ဝီရိယကောင်းတဲ့လူတွေ ထင်ပါသည်။ ငါးယောက်ခြောက်ယောက်လောက် ရောက်နှင့်နေပြီဖြစ်သည်။ အကုန်လုံးက သူ့လိုမျိုး မနူးမနပ်လေးမဟုတ်ဘဲ အတွေ့အကြုံရှိကြပြီးသား လူတွေပဲဖြစ်သည်။ လိုတရမှာ မနေသာ မထိုင်သာသလို ခံစားရသည်။ ဘယ်လိုပဲ အဆိုးဆုံးကို မျှော်လင့်ထားသော်ငြား အလုပ်ရချင်စိတ်က ပိစိလေးတော့ ကျန်နေသေး၏။

Love Like Heaven (Completed)Where stories live. Discover now