Episode 63

161 20 7
                                    

Uni

အရာအားလုံး ပြီးဆုံးသွားပြီဟု ခံစားရသည်။ စိုစွတ်အေးစက်ပြီး သွေးများဖြင့် ပေကျံနေသော လက်ချောင်းသွယ်သွယ်တို့က အရုပ်လေးကို ရင်ခွင်ထဲမှ ထုတ်ကာ ဖြည်းဖြည်းချင်းမျက်နှာချင်းဆိုင်လိုက်သည်။ Angry Birdအရုပ်လေးသည် မျက်ခုံးပြားလေးနှင့် သူ့ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်နေဆဲ။

ထိုပုံလေးကြောင့် ပိုင်ဥာဏ့်ကို မြင်ယောင်လာမိသည်။ ပိုင်ဥာဏ် မျက်ခုံးကျုံ့သည့်အခါ Angry Birdနှင့်တူသည်။ သို့သော် ထိုသည်ကပင် ချစ်စရာကောင်းနေသည်။ လိုတရ အနည်းငယ်ရယ်လိုက်ပြီး အရုပ်လေးကို နူးညံ့သည့် မျက်ဝန်းအစုံဖြင့် ငေးကြည့်လိုက်သည်။

"ပိုင်ဥာဏ်..."

တစ်ကိုယ်တည်းကြားလောက်ရုံအသံလေးက တုန်ယင်စွာထွက်ပေါ်လာသည်။ အသံသည် ဘယ်တော့မှပြန်မတွေ့ရတော့မည့် လူတစ်ယောက်ကို နှုတ်ဆက်နေဘိသည့်အလား တုန်လှုပ်ခြောက်ခြားခြင်းတွေ၊ နာကျင်ခြင်းတွေနှင့် မခွဲခွာလိုခြင်းတွေကို အပြည့်အနှက်တွေ့ရသည်။ လိုတရ၏ မျက်ဝန်းတွေမှာလည်း ကြေမွသွားသည့် အငွေ့အသက်တွေက ရစ်သိုင်းထားကာ

"ငါ... မင်းကိုချစ်တယ်။ ငါ အခု မင်းကို သီချင်းလည်းဆိုပြပြီးပြီ။ ဒီသီချင်းက ငါချစ်တဲ့လူကို ဆိုပြမယ်လို့ ရည်စူးခဲ့တာ"

လိုတရ ခေါင်းကိုတစ်ချက်ငုံ့ပြီး မျက်ရည်တွေကို အဆီးအတားမရှိ ကျဆင်းသွားစေခဲ့သည်။

"ငါ မင်းကိုချစ်တယ်။ သွေးတွေ၊ ချွေးတွေကျတဲ့အထိလည်း ချစ်တယ်။ ငါ မင်းကို အများကြီးချစ်ပေးပြီး ငါလုပ်နိုင်သမျှတွေ အားလုံးလုပ်ပေးခဲ့တယ်"

အသံတိုးတိုး၏ နောက်မှ ရှိုက်သံတစ်ချက်က ကပ်လိုက်ပါလာသည်။ နှုတ်ဆက်ရတော့မည်ဟူသော အသိက သူ့နှလုံးသားကို စက္ကန့်တိုင်း ထုရိုက်နေခဲ့သည်။

"မင်းကိုချစ်မိလို့ ငါ မျက်ရည်တွေလည်း အများကြီးကျပြီးပြီ။ ဒါပေမဲ့ ဒါတွေအားလုံးကငါမင်းကို ချစ်လို့။ ဟုတ်တယ် အပြင်မှာ ထုတ်မပြောဖူးပေမဲ့ ငါမင်းကို ချစ်တယ်လေ"

အသံတိုးတိုးလေးဖြင့် အရုပ်ကို မျက်နှာချင်းဆိုင်ကြည့်ပြီး ပြောနေပုံက စိတ္တဇဆေးရုံမှာ နေရသူလိုလို။

Love Like Heaven (Completed)Where stories live. Discover now